အရေးပေါ်အခြေအနေတွေအတွက် Satellite Connectivity ပါဝင်လာနိုင်မယ့် Apple iPhone 14

ထုံးစံအတိုင်း Apple iPhone 14 နဲ့ပတ်သတ်တဲ့ သတင်းအချို့စတင်ပြီး ထွက်လာပါတယ်။ Apple အနေနဲ့ iPhone 14 ကို ဒီနှစ်ကုန်ပိုင်းမှာ မိတ်ဆက်သွားမှာဖြစ်ပြီး ထူးခြားချက်အနေနဲ့ အရေးပေါ်အခြေအနေတွေအတွက် Satellite Connection ပါဝင်လာမယ်လို့ သတင်းတွေထွက်နေတာဖြစ်ပါတယ်။

တရုတ် Leaker တစ်ယောက်ပြောကြားချက်အရ Satellite Connection ပါဝင်တဲ့ Apple Watch ပါထွက်လာမို့ မျှော်လင့်ရပါတယ်။ ဒီစနစ်ကိုထည့်သွင်းဖို့ စဥ်းစားလာခြင်းက တစ်ကယ်အရေးပေါ်အခြေအနေတွေမှာ အရေးပေါ်စာပို့ခြင်းနဲ့ ဆက်သွယ်မှုတွေပြုလုပ်နိုင်ဖို့အတွက်ပဲဖြစ်ပါတယ်။ ဒီစနစ်မှာ " Emergency Message via Contacts" ဆိုတဲ့ လုပ််ဆောင်ချက်ပါဝင်ပြီး စာတိုတွေကို ဆယ်လူလာ ကွန်နက်ရှင်မရှိတဲ့ နေရာတွေမှာ အရေးပေါ်စာတွေပို့နိင်အောင် ပြုလုပ်ပေးတာပဲဖြစ်ပါတယ်။

Apple အနေနဲ့ iPhone နဲ့ Apple Watch တင်မကပဲ တစ်ခြား Product တွေမှာပါ ဒီလုပ်ဆောင်ချက်ကို ထည့်သွင်းဖို့ စဥ်စားနေပုံရပါတယ်။ iPhone 13 မှာကတည်းက ထည့်သွင်းမယ်လို့ သတင်းထွက်ခဲ့တဲ့ ဒီနည်းပညာဟာ 2021 မှာတော့ ထွက်လာခဲ့ခြင်းမရှိပါဘူး။ ဒါကြောင့် iPhone 14 မှာတော့ ဒီနည်းပြညာကို မျှော်လင့်လို့ရမလားဆိုတာ စောင့်ကြည့်ရပါမယ်။

ဂြိုလ်တုဆက်သွယ်ရေးနည်းပညာနဲ့ အသုံးပြုသူတွေအနေနဲ့ စာတိုတွေနဲ့ SOS ဆင်ဂနယ်တွေကို ဂြိုလ်တုဆက်သွယ်ရေးကနေတစ်ဆင့် သက်ဆိုင်ရာကို့ပို့ပေးနိုင်ပြီး မတော်တဆတွေဖြစ်လာတဲ့အခါမှာလည်း သတင်းပို့နိုင်ပါသေးတယ်။ ရှေ့မှာလည်း Apple အသုံးပြုသူတွေအနေနဲ့ Apple Services တွေကြောင့် ထိခိုက်ဒဏ်ရာရမယ့်အရေးကနေ ရှောင်ရှားနိုင်တာတွေ၊ အသက်အန္တရာယ်ဘေးက လွတ်ခဲ့တဲ့ သာဓကတွေလည်း ရှိခဲ့ပါတယ်။

Ref : Gizmochina

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Telephoto Camera ပါဝင်လာနိုင်တဲ့ iPhone 15

Next
Next

Comment တွေအတွက် Dislike ပါလာတော့မယ့် TikTok