စျေးသက်သက်သာသာ နဲ့ Performance ပိုင်းအကြိုက်‌‌တွေ့စေမယ့် OPPO A76

OPPO က မြန်မာနိုင်ငံအတွက် A Series စမတ်ဖုန်းတွေကို 2016 ခုနှစ်ကနေ စတင်ပြီး မိတ်ဆက်ပေးခဲ့ပါတယ်။ စျေးကွက်အဖွင့် A37 ကို Snapdragon 410 Processor နဲ့ ဖွင့်ခဲ့ပြီး A series တိုင်းမှာ စွမ်းရည်မြင့် Snapdragon Processor တွေကို သုံးပေးခဲ့ပါတယ်။ အခုနောက်ဆုံးထွက်ထားတဲ့ OPPO A76 မှာလည်း 6nm Snapdragon 680 Processor ကို သုံးပေးထားပါတယ်။

OPPO A76

"

OPPO A76 "

OPPO A76 မှာ Snapdragon 680 အပြင် ပါပြီးသား RAM 6GB ကိုထပ်တိုးလို့ရအောင် RAM expansion နည်းပညာကို သုံးပေးထားပါတယ်။ Storage 128 GB ထဲက 5GB ကို ဆွဲသုံးလိုက်တော့ စုစုပေါင်း RAM 11GB ဖြစ်သွားပါတယ်။ အဲ့တော့ ရှိပြီးသား 6GB နဲ့တင် Daily Usage အတွက် လုံလောက်နေတဲ့အပြင် 5GB ပါ ထပ်ပေါင်းလိုက်တော့ နေ့စဉ်လိုအပ်တဲ့ Performance အတွက် ဘာမှသိပ်ပူစရာမလိုပါဘူး။ နောက်ပြီး Storage ကလည်း 128GB နဲ့ စပါပြီးသားပါ။ 128GB က ပုံပေါင်း 52000၊ App ပေါင်း 1500 နဲ့  Video ပေါင်း 350 ဆံ့တဲ့  အတွက် ရေရှည်သုံးမဲ့လူတွေအတွက်လည်း အဆင်ပြေမှာပါ။

အခုနောက်ပိုင်း ခရီးသွားမယ့်လူတွေအတွက် ခဏခဏဖုန်းအားသွင်းစရာ မလိုအောင် ဘက်ထရီကို 5000 mAh သုံးပေးထားပါတယ်။ Power Bank မဆောင်ချင်သူတွေအတွက် မီးခဏခဏ ပျက်ရင်လည်း သိပ်စိတ်ပူစရာမလိုပါဘူး။ ဘာလို့လဲဆိုတော့ သူ့မှာ SUPERVOOC 33W Fast Charging ကို 5000 mAhဘက်ထရီနဲ့ တွဲပေးထာတဲ့အတွက်အားသွင်းမြန်စေမှာဖြစ်သလိုဘက်ထရီအားလည်းအကြာကြီးအသုံးပြုလို့ရမှာပါ။OPPO A76 ကို ဝယ်မယ်ဆိုရင် USB Type C 2.0 နဲ့ Adaptor ကို ဘူးထဲမှာ တစ်ခါတည်း ပါပြီးသားဆိုတော့ Fast Charging Feature လေးတစ်ခု သုံးနိုင်ဖို့ ပိုက်ဆံထပ်ကုန်စရာ မလိုတော့ပါဘူး။ အခုနောက်ပိုင်း လေးသိန်း‌‌ကျော်တန် ဖုန်းတွေထဲမှာ OPPO A76 ကို ဝယ်လိုက်ရုံနဲ့ 5000 mAh နဲ့ 33W Fast charging ကို Package လိုက်ရမှာပါ။

လေးသိန်းကျော်နဲ့OPPO A76 ကိုနောက်ထပ်‌ Outstanding Feature တစ်ခုကို ထပ်ရနိုင်ပါသေးတယ်။ အဲ့ဒါကတော့ 90Hz နဲ့ 96% NTSC (National Television Standards Committee) Rich Color Range ကို ရဦးမှာပါ။ 6.56 Inches Color-rich  Display ပေါ်မှာ 8MP Selfie Camera ကို Punch Hole လေးနဲ့ လုပ်ပေးထားပါတယ်။    Graphic ပိုင်းမှာ Adreno 610 က 90Hz Refresh Rate နဲ့ လိုက်ဖက်မယ့်ယ့် Smooth Performance ပိုင်းကို ပေးဦးမှာပါ။ Graphic Consumption များတဲ့ ဂိမ်းတွေကို Medium Setting မှာ 90hz နဲ့ အေးဆေးဆော့နိုင်ပါတယ်။

OPPO A76 ကဘေးဘောင်ကျဉ်းကျဉ်းဒီဇိုင်းဖြစ်တဲ့အတွက် Screen ကို အပြည့်နီးပါး သုံးနိုင်ပါတယ်။ ဒီဇိုင်းပိုင်းမှာတော့ အနောက်ဖက်မှာ ရိုးရိုးရှင်းရှင်းပဲ ကင်မရာနှစ်လုံးကို ဒေါင်လိုကRectangle ဒီဇိုင်းထဲမှာ ထည့်ပေးထားပါတယ်။ OPPO A76 မှာအ‌ရောင်က Glowing Blue နဲ့ Glowing Black ဆိုပြီးနှစ်မျိုးရှိပါတယ်။ Build quality ပိုင်းမှာတော့ အနောက်ဘက်မှာ လက်ရာမထင်တဲ့ Matte Finish ကို သုံးပေးထားပါတယ်။ Over all ဒီဇိုင်းပိုင်းမှာတော့ ရိုးရိုးလေးနဲ့ ဆွဲဆောင်မှုရှိပါတယ်။ 

OPPO A76 ရဲ့အကြမ်းခံမှုပိုင်းမှာတော့ ကျောဘက်ဒီဇိုင်းကို IPX4 ရေစိုခံမှုနဲ့ IP5X ဖုန်မှုန့်ဒဏ်ခံစမ်းသပ်မှုကို အောင်မြင်ထားတဲ့ လက်ဗွေရာ မထင်စေဘဲ ဖုန်ဒဏ်၊ ချွေးစိုဒဏ်၊ ရေစိုဒဏ် ခံနိုင်သော Texture ဖြင့် ပြုလုပ်ထားပါတယ်။တော်ရုံတန်ရုံ ရေနဲ့ ဖုန်လောက်ကတော့ လုံးဝကိစ္စ မရှိပါဘူး။ ‌ကျောဘက်က Bulid quality ကလည်း တော်တော်လေး မာမာချာချာ လုပ်ပေးထာတာဖြစ်တဲ့အတွက် တော်ရုံတန်ရုံ ပြုတ်ကျဒဏ်တွေနဲ့ စင်းရာခြစ်ရာတွေကို ခံနိုင်ပါတယ်။ ဘူးထဲမှာလည်း ကာဗာအကြည်လေး ထည့်ပေးထားပါတယ်။ ၄၇၉၉၀၀ ကျပ်နဲ့ OPPO A76 ကိုဝယ်ယူရရှိနိုင်မှာဖြစ်ပြီးဒီဈေးနှုနန်းမှာဒီလောက်တွေပြန်ရတာက တော်တော်လေး တန်နေပြီလို့ ပြောလို့ရပါတယ်။ နောက်ပြီး OPPO A76 ကို ၂၉ရက်မတ်လ ၂၀၂၂ မှ ၂၉ ရက်မတ်လ ၂၀၂၃ အထိတစ်နှစ်တာကာလအတွင်း ဝယ်တဲ့သူတွေအနေနဲ့ ဘေးတစ်စောင်းလွယ်အိတ်နဲ့ MPT data Package တွေ လက်ဆောင်တွေပေးသွား မှာဖြစ်ပါတယ်။ OPPO A76 နဲ့ အတူမိတ်ဆက်ခဲ့တဲ့ OPPO Enco Buds ကိုလည်း 50000 ကျပ်နဲ့ဝယ်ယူနိုင်ဦးမှာဖြစ်ပါတယ်။

Previous
Previous

Xbox ရဲ့ Free To Play ဂိမ်းတွေမှာ Ads ထည့်ဖို့ကြံနေတဲ့ Microsoft

Next
Next

Telephoto Camera ပါဝင်လာနိုင်တဲ့ iPhone 15