Google, Meta နဲ့ တစ်ခြား Tech Giant ကြီးတွေအနေနဲ့ Algorithms တွေအလုပ်လုပ်ပုံကို EU ကိုရှင်းပြရတော့မယ်

Digital ဥပဒေနဲဲ့ Online ကမ္ဘာကို သေချာပုံပြန်ဖော်တော့မယ်လို့ထင်ရပါတယ်။ EU အနေနဲ့ Cyber Police တွေကို ပိုပြီးဂရုစိုက်ပြီး တရားဝင်ဖြစ်လာစေဖို့ ဥပဒေအချို့ကို ပြဌာန်းဖို့ ပြင်ဆင်နေတာ အချိန်တစ်ခုရှိပြီး အခုတော့ လက်တွေ့ဖြစ်လာပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့စနေနေ့က နာရီနဲ့ချီပြီးကြာတဲ့ ဆွေးနွေးမှုတွေအပြီးမှာ Digital Company ကြီးတွေကို သူတို့ Platformပေါ်မှာရှိတဲ့ Content တွေအတွက် တာဝန်ယူမှုပိုမိုရှိလာအောင် အတင်းအကျပ် ဖိအားပေးဖို့ ဥပဒေတစ်ရပ်ကို ပြဌာန်းလိုက်ပါတယ်။ ဥပဒေအသစ်ကို Digtal Service Act (DSA) လို့ခေါ်တွင်ပါတယ်။ ဒီဥပဒေမှာ တရားမဝင်တဲ့ Content တွေကို ဖျက်ချဖို့နဲ့ ကျွမ်းကျင်သူတွေကို လူမှုကွန််ရက်တွေရဲ့ အလုပ်လုပ်ပုံတွေကို အသေးစိတ်ရှင်းပြရမယ်ဆိုတဲ့ အချက်တွေလည်း ပါဝင်ပါတယ်။ တစ်ကယ်လို့ ဒီဥပဒေကို ပျက်ကွက်မယ်ဆိုရင် နှစ်စဥ်ဝင်ငွေရဲ့ ရာခိုင်နှုန်းထဲက ၆ ရာခိုင်နှုန်းကို ဖြတ်မယ်လို့ ဆိုပါတယ်။

ဒီဥပဒေမှာ အွန်လိုင်းကကိစ္စတွေကို အပြင်မှာပါ တရားရေးအရ အရေးယူလို့ရအောင် ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။ အပြင်မှာ တရားမဝင်ရင် အွန်လိုင်းမှာလည်း တရားဝင်ခြင်း မရှိအောင်လည်း လုပ်ဆောင်မယ်လို့ဆိုပါတယ်။ Online Platform ပိုကြီးလေ၊ တာဝန်ယူမှု ပိုများလေ ဖြစ်အောင် ဆောင်ရွက်မယ်လို့လည်း ဆိုထားပါတယ်။

EU DSA အကြောင်းကို အဓိကကိုင်တွယ်တဲ့ ကော်မရှင်နာဖြစ်တဲ့ Margrethe Vestager ကတော့ လူနေမှုဝန်းကျင်နဲ့ နေ့စဥ်ဘဝတွေကို အွန်လိုင်းဆိုရှယ်မီဒီယာတွေ လွှမ်းမိုးမှုကို အတတ်နိုင်ဆုံး အဆိပ်အတောက်ကင်းအောင် လုပ်ဆောင်ဖို့အတွက် မျှော်လင့်တယ်လို့ ဆိုပါတယ်။

ဒီတရားဥပဒေဟာ EU အဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံသားနဲ့ နိုင်ငံတွေအပေါ်မှာပဲ သက်ရောက်ပေမယ့် ကုမ္ပဏီတွေအနေနဲ့ ပိုပြီး ကုန််ကျစရိတ်သက်သာပြီး တစ်ကမ္ဘာလုံးအဆင်ပြေမယ့် Marketing နဲ့ ဥပဒေရေးရာတွေကို ပြောင်းလဲကိုင်တွယ်ဖို့ လိုလာပါပြီ။

အသစ်ထွက်လာတဲ့ ဥပဒေမှာ လူတစ်ယောက်ရဲ့ ဘာသာတရား၊ လူမျိုးရေး၊ လိင်စိတ်တိမ်းညွတ်မှုကို မူတည်ပြီး ကြော်ငြာတာတွေ၊ နိုင်ငံရေးနဲ့ဆိုင်တဲ့ ကြော်ငြာတွေ၊ လူတစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာနဲ့ ဆိုင်တဲ့ အချက်အလက်တွေ အကုန်နီးပါးကို ခြေရာမခံဖို့ ကန့်သန့်ထားပါတယ်။

Ref : The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Apple Music နဲ့ iOS App Store မှာ Errors တစ်ချို့ဖြစ်နေ

Next
Next

Climate Change နဲ့ပတ်သတ်လို့ သတင်းမှားတွေကို ဖျက်ချမယ့် Twitter