Apple Music နဲ့ iOS App Store မှာ Errors တစ်ချို့ဖြစ်နေ

တစ်ကယ်လို့ သင်ဟာ Apple အသုံးပြုသူတစ်ယောက်ဖြစ်ပြီး App Store နဲ့ Apple Music မှာ ပြဿနာတစ်ချို့ဖြစ်နေတယ်ဆိုရင် မလန့်သွားပါနဲ့။ Apple System Page မှာ ကမ္ဘာတစ်ဝှမ်းက အသုံးပြုသူတွေအနေနဲ့ Apple Music မှာ စာတွေမမြင်ရတာ App Store မှာ တစ်ချို့စာလုံးတွေ ပျောက်တာတွေ ဖြစ်နေတယ်လို့ဆိုပါတယ်။ စမ်းသပ်ချက်တွေအရ App နှစ်ခုလုံး အလုပ်လုပ်ပေမယ့် တစ်ချို့ အသုံးပြုသူတွေက ခုလို ပြဿနာတွေ ကြုံနေတုန်းလို့ ဆိုပါတယ်။

Reddit မှာတော့ Apple Music မှာ Lyrics ပျောက်နေတာမျိုး၊ Dolby Atmos နဲ့ Lossless Audio တွေမရတော့တာမျိုးတွေဖြစ်နေတယ်လို့ ဆိုပါတယ်။ တစ်ချို့တွေအနေနဲ့ကတော့ သီချင်းဖွင့်မရတာ၊ ဒေါင်းလုပ်ဆွဲထားတဲ့ သီချင်းတွေ ဖွင့်မရတော့တာမျိုးထိ ကြုံနေရတယ်လို့ ဆိုပါတယ်။ အကောင့်ထဲကထွက်ပြီး အကောင့်ထဲကို ပြန်ဝင်လိုက်ရင် Loseless ပြဿနာရှင်းသွားပေမယ့် Lyrics ကတော့ပြန်ပေါ်မလာသေးဘူးလို့ ဆိုပါတယ်။

ဒီပြဿနာကိို 9to5Mac ကအစောပိုင်းတင်ထားပြီး Apple Privacy Label တွေဟာ App Store မှာမပေါ်တာမျိုးတွေ ဖြစ်သေးတယ်လို့ဆိုပါတယ်။ Apple Site တစ်ခုမှာတော့ ဒီပြဿနာတွေကို အားချင်းဖြေရှင်းနေကြောင်း သိရပြီး Apple ဖက်က ဒီကိစ္စနဲ့ပတ်သတ်ပြီး ဖြစ်ပွားရတဲဲ့ အကြောင်းနဲ့ ဘယ်အချိန်ပြန်ပြင်လို့ ပြီးမယ်ဆိုတဲ့အကြောင်း တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

Ref : The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Oudated ဖြစ်တဲ့ App တော်တော်များများကို ဖျက်ပစ်နေတဲ့ Apple App Store

Next
Next

Google, Meta နဲ့ တစ်ခြား Tech Giant ကြီးတွေအနေနဲ့ Algorithms တွေအလုပ်လုပ်ပုံကို EU ကိုရှင်းပြရတော့မယ်