Climate Change နဲ့ပတ်သတ်လို့ သတင်းမှားတွေကို ဖျက်ချမယ့် Twitter

Twitter အနေနဲ့ Community Standard ထဲမှာ သဘာဝပတ်ကျင်နဲ့ပတ်သတ်လို့ သတင်းမှားတင်ရင် ဘန်းတဲ့စည်းမျဥ်းတစ်ခုကို ပြဌာန်းလိုက်ပါတယ်။ လောလောဆယ်မှာ ရာသီဥတုပြောင်းလဲခြင်းနဲ့ပတ်သတ်လို့ သိပ္ပံပညာရှင်တွေ ဖမ်းခံနေရပါတယ်။

"သဘာဝဘေးအန္တာရာယ်နဲပတ်သတ်လို့ သတင်းမှားတွေဖြန့်ချီပြီး ပိုက်ဆံရှာတာကို လက်မခံနိုင်ပါဘူး။ ဒီသတင်းတွေကြောင့် လူတွေပိုပြီး စိတ်သောကရောက််မှာကို မလိုလားလို့ ခုလိုလုပ်ရခြင်းဖြစ်တယ်"လို့ Company ရဲ့ တရားဝင် Blog Post တစ်ခုမှာ တင်ထားပါတယ်။

သဘာဝပတ်ဝန််းကျင်နဲ့ပတ်သတ်တဲ့ သတင်းတွေကို Twitter မှာ ခွင့်ပြုဖို့ဆိုရင် သက်ဆိုင်ရာ အာဏာပိုင်တွေ၊ United Nations Intergoverment Climate Changeက ခွင့်ပြုထားတဲ့ စနစ်တွေနဲ့ ကိုက်ညီတဲ့ သတင်းတွေကိုပဲ ခွင့်ပြုမယ်လို့ဆိုပါတယ်။ နောက်ပိုင်း Twitter မှာ ရာသီဥတုနဲ့ဆိုင်တဲ့ သတင်းတွေ (ဥပမာ မုန်တိုင်းသတင်း၊ ရေကြီးသတင်းတွေ၊ တောမီးလောင်သတင်းတွေကို) သေချာစိစစ်ပြီး တင်ခွင့်ပြုမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သတင်းတွေမဟုတ်ပဲ Tweet လုပ်ရာမှာလည်း ပိုမိုသေချာတဲ့ ​Citation တွေကို ဂရုတစိိုက်ရွေးချယ်ပြီး ခွင့်ပြုဖို့စီစဥ်ထားတယ်လို့ ဆိုပါတယ်။ Twitter အပြင် Google ကလည်း Google Ads တွေမှာ Climate Change ကို Click Bait လုပ်တာတွေကို စတင်ကန့်သတ်တော့မှာဖြစ်တယ်လို့ October 2021 ကတည်းက စတင်ကြေငြာထားခဲ့ပါသေးတယ်။

အနောက်နိုင်ငံတွေမှာ ကမ္ဘာကြီးဟာ Climate Change တွေကို အကြီးအကျယ်ခံစားနေရပြီး ခုချိန်မှ စတင်ပြီး ဥတုရာသီကို မကာကွယ်ရင် သဘာဝကပ်ဆိုးတွေ ပိုမိုခံစားလာရနိုင်ကြောင်း သိပ္ပံပညာရှင်တွေ ထုတ်ပြန်ပြီးနောက်ပိုင်း သိပ္ပံပညာရှင်တွေ ဖမ်းစီးခံရတာတွေ ရှိနေပါတယ်။

Ref : The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Google, Meta နဲ့ တစ်ခြား Tech Giant ကြီးတွေအနေနဲ့ Algorithms တွေအလုပ်လုပ်ပုံကို EU ကိုရှင်းပြရတော့မယ်

Next
Next

HUAWEI nova စမတ်ဖုန်းအသစ်၏ တစ်မူထူးခြားသည့် အနောက်ဘက် 3D Glass ကာဗာနှင့် Full View Display တို့အကြောင်း