Supersonic jet တွေကိုပြန်လည်အသုံးပြုတော့မယ့် American Airlines

American Airlines တွေအနေနဲ့ အနာဂါတ်လေကြောင်းခရီးသွားခြင်းကို တစ်ခေတ်ပြန်စမ်းတော့မယ့် အရိပ်အရောင်ပြနေပါတယ်။ ဘာလဲဆိုတော့ လက်ရှိခရီးသည်တင်လေယာဥ်တွေထက် အရှိန် ၂ ဆမြန်တဲ့ လေယာဥ်တွေကို အသုံးပြုဖို့ စီစဥ်နေတာဖြစ်ပါတယ်။ ဒီခရီးသွားယာဥ်တွေကနေ ဘယ်လို စိန်ခေါ်မှုတွေရှိလာမယ်ဆိုတာ မသိပေမယ့် လောလောဆယ်မှာတော့ အသံထက်မြန်တဲ့ ဂျက်လေယာဥ် အစီး၂၀ ဝယ်ယူထားတယ်လို့ သိရပါတယ်။

လောလောဆယ်မှာတော့ Boom ဆိုတဲ့ လေယာဥ်ကုမ္ပဏီက အသံထက် ၂ ဆနီးပါးမြန်ပြီး ခရီးသည် ၆၅ ယောက်ကနေ ၈၀ထိ တင်ဆောင်နိုင်တဲ့ ခရီးသည်တင်လေယာဥ် Overture လို့ခေါ်တဲ့ လေယာဥ်တွေကို ထုတ်လုပ်နေပါတယ်။ ဒါပေမယ့် ဒီလေယာဥ်တွေဟာ လောလောဆယ် စမ်းသပ်နေဆဲ အဆင့်မှာပဲဖြစ်ပြီး လေကြောင်းစီးဆင်းမှု အဆင့်တစ်ချို့ကိုတော့ အောင်မြင်စွာ စမ်းသပ်ပြီးပြီဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ လောလောဆယ်မှာတော့ တစ်ခြားစမ်းသပ်မှုတွေကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး လူတွေစီးနင်းလို့ရတဲ့ အဆင့်ထိရောက်ဖို့ဆိုရင် ၂၀၂၅ အထိကြာမြင့်ဦးမှာတော့ဖြစ်ပါတယ်။

အသံထက်မြန်တဲ့ Jet တွေကို ထုတ်လုပ်ခဲ့တာ ခုအခါပထမဆုံးအခေါက်မဟုတ်ပါဘူး။ အရင်တုန်းကလည်း Concorde ဆိုတဲ့ နာမည်နဲ့ တစ်ခုံကို ဒေါ်လာသောင်းချီပေးပြီး ခရီးသည်တွေဆွဲခဲ့ပါသေးတယ်။ ဒါပေမယ့် အဲ့အချိန်က စီးပွားရေး ဂယက်တွေကြောင့် အဆိုပါ ခရီးသည်တင်လေယာဥ်တွေဟာ ထက်သလောက်မအောင်မြင်ခဲ့ပါဘူး။ ခုတစ်ကြိမ်မှာတော့ ပိုပြီးအဆင့်မြင့်ပြီး ပိုပြီးသက်သာတဲ့ စားရိတ်တွေနဲ့ လေယာဥ်ဆွဲနိုင်အောင် ဆောင်ရွက်နေတယ်လို့သိရပါတယ်။ Concorde တွေကျရှုံးပြီးနောက်ပိုင်း စီးပွားရေးအတွက် တွက်ခြေကိုက်တဲ့ လေယာဥ်တွေကိုပဲ အသုံးပြုခဲ့ပါတယ်။

US အစိုးရကိုယ်တိုင်လည်း အဆိုပါလေယာဥ်တွေကို စိတ်ဝင်စားဟန်ပြပြီး NASA ကိုယ်တိုင်ပါ အသံထက်မြန်တဲ့ လေယာဥ် X-59 ကိုပိုက်ဆံအကုန်ကျခံပြီး အသံတိတ်လေယာဥ်အဖြစ် တီထွင်နေပါသေးတယ်။ ဒါပေမယ့် ပထမဆုံး လေယာဥ်ကို လေထဲမှာ စမ်းသပ်ပျံသန်းဖို့ဆိုတာ နောက်နှစ်ထဲမှပဲဖြစ်လို့ စောင့်ရဦးမယ့် တီထွင်မှုတွေပဲဖြစ်ပါတယ်။

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ဒေါ်လာ ၁ သောင်းတန် Samsung Galaxy Z Fold 4

Next
Next

Samsung Ringtone Over The Horizon Remix အသစ်ကို BTS အဖွဲ့ဝင် SUGA နဲ့မိတ်ဆက်