Samsung Ringtone Over The Horizon Remix အသစ်ကို BTS အဖွဲ့ဝင် SUGA နဲ့မိတ်ဆက်

Samsung ရဲ့ Default Ringtone လည်းဖြစ်၊ Galaxy Series တွေရဲ့ Theme Song ဖြစ်တဲ့ Over the Horizon ကို နှစ်ပေါင်းများစွာ Remix တွေထွက်လာတာသိမှာပါ။ Artist ပေါင်းစုံနဲ့ နှစ်တိုင် Remix ထွက်လေ့ရှိပေမယ့် ဒီတစ်ခါကတော့ ပထမဆုံးအကြိမ် Artist တစ်ယောက်ကို ၂ကြိမ်ဆက်တိုက် ပြန်ခေါ်သုံးတာပဲဖြစ်ပါတယ်။ ဒီလို ၂ ခါဆက်တိုက် Collab လုပ်တာ မဖြစ်ဖူးတာမို့ နောက်ထပ် ဘယ်လို Collab တွေလာမလဲဆိုတာ စောင့်ကြည့်ရပါမယ်။

Samsung Official Website မှာဖော်ပြထားတဲ့ အချက်အလက်တွေအရ Over The Horizon 2022 ကို BTS အဖွဲ့ဝင် SUGA က Produce လုပ်ထားတယ်လို့ တရားဝင်ကြေငြာထားပါတယ်။ မနှစ်ကလည်း Over The Horion ကို SUGA ပဲ Remix တာဖြစ်ပြီး Galaxy Z Flip3 နဲ့ Z Fold3 နဲ့အတူ မိတ်ဆက်ခဲ့ပါတယ်။

ယခုထွက်ရှိလာတဲ့ Remix ကို Galaxy Z Flip4 နဲ့ Z Fold4 အတွက် အသုံးပြုဖို့ ရည်ရွယ်ထားပြီး တစ်ခြား Galxy Model တွေကိုတော့ Software Update တွေကနေတစ်ဆင့် တစ်ဖြည်းဖြည်းရောက်လာပါလိမ့်မယ်။ ဒီ သီချင်းကို ထုတ်လုပ်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ Samsung အသုံးပြုသူတွေအနေနဲ့ ပိုကောင်းမွန်တဲ့ အနာဂတ်တွေကို ပိုင်ဆိုင်ဖို့နဲ့ Over The Horizon သီချင်းထွက်လာဖို့ ရင်ခုန်စွာ စိတ်လှုပ်ရှားကြောင်းကို တီးလုံးတွေနဲ့အတူ ဖန်တီးထားတယ်လို့ ဆိုပါတယ်။

Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Supersonic jet တွေကိုပြန်လည်အသုံးပြုတော့မယ့် American Airlines

Next
Next

Tik Tok Video တစ်ခုကြောင့် Apple ဝန်ထမ်း အလုပ်ဖြုတ်ခံမယ်လို့ သတိပေးခံရ