ဒေါ်လာ ၁ သောင်းတန် Samsung Galaxy Z Fold 4

ဇိမ်ခံပစ္စည်းတွေကို ထုတ်လုပ်လေ့ရှိတဲ့ Caviar ဆိုတဲ့ကုမ္ပဏီဟာ သူတို့ရဲ့နောက်ဆုံး Collection ဖြစ်တဲ့ Heralds of Galaxy ဆိုတာကို ကြေငြာလိုက်ပါတယ်။ ဒီ Collection မှာ နောက်ဆုံးပေါ် Galaxy Z Fold4 ဖုန်း ၄ လုံးပါဝင်ပြီး အဆိုပါဖုန်းတွေရဲ့ နောက်ကျောဖက် Back Panels တွေကိုပြန်လည်ပြင်ဆင်ထားတာဖြစ်ပါတယ်။ ဖုန်းတွေရဲ့ ကျောဖက်မှာ ဥက္ကာခဲအပိုင်းအစတွေ၊ ရွှေတွေ၊ Leather တွေနဲ့ မွန်းမံထားပြီး ဈေးလည်း ဒေါ်လာ ၁၀၀၀၀ ဝန်းကျင်မှာရှိပါတယ်။

ဒီ Collection ရဲ့အဓိက ဖုန်းကတော့ Star of the Show လို့တင်စားထားတဲ့ Galaxy Z Fold 4 ဖြစ်ပြီး နောက်ကျောဖက်မှာ Seymchan, Muonionalusta, နဲ့ Canyon Diablo ဆိုတဲ့ မတူညီတဲ့ ဥက္ကာခဲအပိုင်းအစ ၃ ခုစီက အမှုန်တွေကိုထည့်သွင်းထားပါတယ်။ ဥက္ကာခဲ တစ်မျိုးနဲ့တစ်မျိုးစီဟာ ဒီဇိုင်းမတူတာမို့ နောက်ကျောဖက်ဒီဇိုင််းဟာလည်း တစ်ခုနဲ့တစ်ခုမတူပါဘူး။

ဒါ့အပြင် ဖုန်းတွေကို နောက်ထပ်ဒီလို ဖုန်းဒီဇိုင်းတွေကိုပဲ ၂၄ကာရက်ရွှေနဲ့ မွန်းမံထားတဲ့ Caviar Logo ပါဝင်တဲ့ ဖုန်းတွေကိုလည်း ဖုန်း ၂၉ လုံးထပ်မံထုတ်လုပ်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါဖုန်းတွေကို လျှပ်ကူးဒဏ်ခံနိုင်တဲ့ ရွှေပြားတွေပါဝင်တဲ့ အလွိုင်းတွေလည်း ကာရံပေးဦးမှာပါ။ ရွှေနဲ့ပြုလုပ်ထားတဲ့ ဖုန်းတွေကိုတော့ 256GB ကို 11,060$ ကျသင့်မှာဖြစ်ပြီး 512GB ကိုတော့ 11,460$ ကျသင့်မှာပါ။ ဥက္ကာခဲထည့်သွင်းထားတဲ့ဖုန်းတွေမှာတော့ နောက်ကျောကို ရွှေမသုံးပဲ Titanium ကိုအသုံးပြုထားပြီး 256GB ကို ဒေါ်လာ ၁၁၀၀၀ ကျော်ကစတင်သွားမယ်လို့ဆိုပါတယ်။

Modifications တွေလုပ်ထားတာမို့ နောက်ကျောဖက် ဒီဇိုင်းတွေဟာအနည်းငယ်ပြောင်းလဲသွားမှာဖြစ်ပေမယ့် Foldable တော့ဖြစ်နေဦးမယ်လို့ဆိုပါတယ်။ ဒါ့အပြင် ဒီဖုန်းတွေအကုန်လုံးဟာ Samsung Exynos သုံးထားတာမဟုတ်ပဲ Snapdragon 8+ Gen1 ကိုအသုံးပြုထားတဲ့ Model တွေကိုပဲ Modified လုပ်ထားတာပဲဖြစ်ပါတယ်။

Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

နိုင်ငံရေး လော်ဘီ Contents တွေကို ထိန်းချုပ်သွားမယ့် TikTok

Next
Next

Supersonic jet တွေကိုပြန်လည်အသုံးပြုတော့မယ့် American Airlines