Supercomputer အချက်အလက်တွေ ခိုးလို့ Engineer ဟောင်းကို Tesla တရားစွဲ

Tesla အနေနဲ့ သူတို့ရဲ့ Former Engineer ဖြစ်တဲ့ Alexander Yatskov ကို ထိပ်တန်းလျှို့ဝှက်ချက်တွေ ခိုးယူမှု၊ အလွဲသုံးစားမှုတို့နဲ့ တရားစွဲဆိုထားပါတယ်။ ခိုးယူခံရတဲ့အချက်အလက်တွေကတော့ Project Dojo လို့ခေါ်တဲ့ Supercomputer အကြောင်းပါဝင်တဲ့ အချက်အလက်တွေပါ။ Yatskov အနေနဲ့ Server ပေါ်က အချက််အလက်တွေကို ကိုယ်ပိုင် Device တစ်ခုနဲ့ ခိုးယူသွားပြီး ပြန်ပေးဖို့ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။

Yatskov ရဲ့နောက်ကြောင်းကိုလည်း Tesla အနေနဲ့ စုံစမ်းတဲ့အခါ အလုပ် Resume ကိုလိမ်ညာထားတယ်လို့ တွေ့ရှိကြောင်း Tesla ကဖော်ပြထားပါတယ်။ Yatskov အနေနဲ့ Tesla ကားထုတ်လုပ်မှုမှာ Thermal Engineer အဖြစ်အလုပ်စတင်ဝင်ရောက်ခဲ့ပြီး Project Dojo မှာတော့ Cooling System Engineer အဖြစ်လုပ်ကိုင်ခဲ့တယ်လို့ဆိုပါတယ်။

Project Dojo ဆိုတာ Tesla ရဲ့ Neural Network Training Computer ကိုအတိုကောက်ခေါ်ဆိုတာဖြစ်ပါတယ်။ အချက်အလက်တွေအများကြီး AI အကူအညီနဲ့ Self-driving car တွေမှာ auto-pilot အတွက် Data တွက်ထုတ်ပေးတဲ့ စနစ်ပါ။ စာရွက်စာတမ်းတွေအရ Yatskov အနေနဲ့ Project Dojo ရဲ့ Cooling System ကိုသာမက တစ်ခြားစနစ်တွေကိုလည်း ဝင်ရောက်ခွင့်ရထားတယ်လို့ သိရပါတယ်။ သူ့အနေနဲ့ လျှို့ဝှက််အချက်အလက်တွေကို ဝင်ရောက်ဖျက်စီးပြီး ကိုယ်ပိုင် ကွန်ပျူတာထဲကို ကူးထည့်သွားခဲ့ပါတယ်။ အဲ့တာကြောင့်တရားစွဲခံရတာဖြစ်ကြောင့် Tesla ဖက်က ထုတ်ပြန်ခဲ့တာပါ။

ဒီကိစ္စကို April လထဲမှာသိသိချင်း ကုမ္ပဏီအနေနဲ့ Yatskov ကို Laptop ပြန်ယူလာဖို့နဲ့ ခိုးယူထားတဲ့ အချက်အလက်တွေပြန်အပ်ဖို့ တောင်းဆိုခဲ့ပေမယ့် သူက Laptop အတုကိုယူလာပြီး အချက်အလက်တွေ ဖျက်စီးခဲ့သယောက် ဟန်ဆောင်ခဲဲ့သေးတယ်လို့ဆိုပါတယ်။ ဒါကြောင့် May 2 ရက်နေ့မှာ သူ့ကိုအလုပ်ထုတ်ပြီး ကုမ္ပဏီပိုင်ပစ္စည်းပျက်စီးစေမှု၊ ခိုးယူမှုတို့နဲ့ တရားစွဲခဲ့တာဖြစ်ပါတယ်။

Ref : The verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Cryptocurrencies နဲ့ Gucci တွေ အမေရိကားမှာ ဝယ်လို့ရပြီ

Next
Next

Codename Reeves အမည်ရတဲ့ OnePlus Pad