Codename Reeves အမည်ရတဲ့ OnePlus Pad

Oneplus အနေနဲ့ သူရဲ့ပထမဆုံး Tablet ကို ဈေးကွက်ထဲဲမှာ စတင်ဖြန့်ချီတော့မှာပါ။ OnePlus Pad အမည်ရတဲ့ ဒီ Tablet ရဲ့ Specifications တွေတော်တော်များများဟာလည်း လိုင်းပေါ်မှာ ပွထနေပါပြီ။ သတင်းတစ်ခုမှာဆိုရင် Private Hand On Testing ပါလုပ်နေပြီလို့ဆိုပါတယ်။

MySmartPrice လို့ခေါ်တဲ့ Site တစ်ခုရဲ့သတင်းအရဆိုရင် နာမည်ဝှက် Reeves လို့ခေါ်ပြီး Hand On Testing လုပ်နေပြီဆိုတာ သေချာတယ်လို့ ဆိုပါတယ်။ ယုံကြည်စိတ်ချရတဲ့ Leakster Yogesh Barrar အရ ဒီနှစ်ကုန်မှာထွက်မယ့် အသုတ်မှာ OnePlus Pad ကို မိတ်ဆက်မယ်လို့ဆိုပါတယ်။

ဒီနှစ် ၅ လပိုင်းမှာထွက်လာမယ့် OnePlus Pad မှာ Android Slate လည်း ပြန်လည်ပါလာနိုင်ပြီး 12.4 Inch OLED FULL HD+ Resolution ရှိမယ့် Screen လည်းထည့်ပေးဦးမှာပါ။ Market ထဲမှာ လောလောဆယ် OLED ပါဝင်တဲ့ Android Slate သုံး Tablet မရှိသေးတာမို့ ဒါကလည်း ဒီ OnePlus Pad ကိုထူးခြားအောင် ပြုလုပ်ပေးတဲ့အကြောင်းအရာတစ်ခုပါပဲ။

Os အနေနဲ့ကတော့ Android 12 ကိုပဲ အခြေခံဦးမယ်လို့ ခန့်မှန်းရပါတယ်။ ဒါ့အပြင် 13 Megapixel Main Camera ကိုသုံးထားပေးပြီး 5 Megapixel ကိုတော့ Secondary Camera အနေနဲ့ မြင်ရပါမယ်။ Selfie အနေနဲ့ 5 Megapixel ပါဝင်လာနိုင်ပြီး Slate ကိုသုံးပြီး video call တွေ အတွက် အဆင်ပြေပြေ ထွက်လာနိုင်ပါတယ်။

Chip ပိုင်းကတော့ Snapdragon 865 5G ကိုသုံထားပြီး RAM 6 GB ပါဝင်ပါလိမ့်မယ်။Storage ပိုင်းအနေနဲ့ 128GB ထည့်သွင်းပေးထားပြီး Battery ကတော့ 10900 ထိပါဝင်လို့ အားမခံမှာ မပူရနိုင်ပါဘူး။ Battery အကြီးကြီးကို အားသွင်းဖို့ 45 W Rapid Charing ကိုသုံးထားပြီး Bluetooth 5.1 နဲ့ 3.5 mm jack တို့လည်း ပါဝင်ဦးမှာပါ။ ဈေးအနေနဲ့ကတော့ $500 ပတ်ဝန်းကျင်ထွက်လာနိုင်ပြီး ဒီအချက်အလက်တွေကို သေချာပေါက်ပြောဖို့ကတော့ စောသေးတာမို့ စောင့်ကြည့်ရတာတန်တဲ့ Tablet တစ်ခုဖြစ််လာမယ်လို့ မျှော်လင့်ရပါတယ်။

Ref : Gizmochina

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Supercomputer အချက်အလက်တွေ ခိုးလို့ Engineer ဟောင်းကို Tesla တရားစွဲ

Next
Next

Fake Alarm တွေထမြည်တဲ့ ပြဿနာရှိနေတဲ့ AirTag