Subscriptions စနစ်ပါလာနိုင်တဲ့ TikTok

ဘယ်အချိန်၊ ဘယ်နိုင်ငံတွေ၊ ဘယ်သူတွေ သုံးလို့ရမယ်ဆိုတာ အသေးစိတ်မသိနိုင်ပေမယ့် TikTok ကတော့ OnlyFans၊ Patreon လိုမျိုး Subscribe လုပ်တဲ့ စနစ်ကိုစမ်းသပ်နေပြီဖြစ်ပါတယ်။
— Quote Source

TikTok ကပြောရေးဆိုခွင့်ရှိသူတစ်ယောက်ရဲ့ ပြောကြားချက်အရ TikTok က Creator တွေကို သူတို့ရဲ့ Content တွေကို အခကြေးငွေကောက်ခံလို့ရအောင် စမ်းသပ်နေကြောင်း သိရပါတယ်။ Subscription လုပ်တဲ့စနစ်က စမ်းသပ်နေဆဲအဆင့်သာဖြစ်ကြောင်းနဲ့ TikTok မှာပိုကောင်းတဲ့ Content နဲ့ Community ကိုဖန်တီးနိုင်ဖို့ ကြိုးစားနေကြောင်း Company ပြောရေးဆိုခွင့်ရှိသူ Zachary Kizer က The Verge ကို Email ပို့ပြီးပြောခဲ့တယ်လို့ဆိုပါတယ်။
TikTok အနေနဲ့ TikTok က Content Creatorတွေကို Tip ပေးတဲ့ Feature ပါဝင်တဲ့ Creator Next hub ဆိုတဲ့ Tool တစ်ခုကိုလည်း ဒီဇင်ဘာတုန်းက မိတ်ဆက်ခဲ့ပါသေးတယ်။

ခုလိုမျိုး Subscribers တွေဆီကနေ တိုက်ရိုက် အခကြေးငွေဖြတ်မယ့် စနစ်ကို TikTok မှာသုံးမယ်ဆိုတာက အနည်းငယ်တော့စဥ်းစားစရာပါ။ TikTok မှာ Video Clip တစ်ခုပေါက်သွားပြီဆိုတာနဲ့ အသုံးပြုသူတွေရဲ့ For You Page မှာ TikTok Algorithm ကဖော်ပြပေးပါတယ်။ ဒီအခါမှာ Video ကပိုလူကြည့်များပြီး View သန်းနဲ့ချီရတဲ့ Content တစ်ခုဖြစ်သွားပါတယ်။ တစ်ကယ်လို့ Subscription စနစ်လုပ်ပြီး အခကြေးငွေပေးတဲ့ အသုံးပြုသူတွေကိုပဲ Video ပြတော့မယ်ဆိုရင် Content Creator တွေအနေနဲ့ သူတို့Video တွေ View ကျသွားမှာဖြစ်သလို For You Page မှာလည်း ပေါ်ဖို့မဖြစ်နိုင်တော့ပါဘူး။ View Count မရနိုင်တော့တာကြောင့် Engagement လည်းကျသွားမှာဖြစ်ပါတယ်။ ဒီလိုပြဿနာကို TikTok တင်မဟုတ်ပဲ တစ်ခြားအခကြေးငွေပေးပြီး သုံးလို့ရတဲ့ Digital Platformတိုင်းမှာ ကြုံတွေ့ရတဲ့ပြဿနာဖြစ်ပါတယ်။ ဒါ့အပြင် Content Creator အနေနဲ့လည်း ဘယ်လို Content ကို အခကြေးငွေကောက်ခံပြီး၊ ဘယ်လို Content ကိုတော့ အခမဲ့တင်သင့်တယ်ဆိုတာ သတိထားဆုံးဖြတ်ရမှာဖြစ်ပါတယ်။


ခုလိုမျိုး Subscription စနစ်ကို Instagram မှာလည်း Social Influencerတစ်ချို့နဲ့၊ Content Creator တစ်ချို့ကို စမ်းသပ််အသုံးပြုခွင့် ပေးထားပြီဖြစ်ပါတယ်။ Subscribers တွေအနေနဲ့ သီးသန့် Instagram Stories နဲ့ Live တွေကြည့်ခွင့်ရမှာဖြစ်ပါတယ်။ အခကြေးငွေအနေနဲ့ တစ်လကို $0.99 ကနေ $99.99 ကောက်ခံနိုင်မှာပါ Instagram ကိုပိုင်တဲ့ Meta ကတော့ နောက်နှစ်ကုန်ထိ Subscription Fees တွေကို အမြတ်မယူသေးဘူးလို့ဆိုပါတယ်။

Ref: The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Oneplus 10R မှာ Snapdragon အစား MediaTek Dimensity 9000 သုံးလာနိုင်

Next
Next

ဒီဇိုင်းတွေ တီထွင်ဖန်တီးဖို့နဲ့ ဂိမ်းဆော့ဖို့အတွက် မြန်ဆန်ကောင်းမွန်တဲ့ Premium Laptop တစ်လုံးကို ရှာနေတာလာ: