Stylus Pen Support ပါဝင်လာမယ့် Google Pixel Tablet

Google အနေနဲ့ Pixel Tablet ကို Google I/O 2022 မှာမိတ်ဆက််သွားခဲ့ပါတယ်။ ဒါပေမယ့် Basic Render တွေလောက်ပဲပြသွားခဲ့ပြီး အတိုချုဥ်း အချက်အလက်အနည်းငယ်သာ ပြောပြသွားခဲ့တာပါ။ I/O မှာတုန်းက Stylus Support လုပ်မလုပ်ကို မပြောခဲ့တာပါ။ ဒါပေမယ့် လောလောဆယ်မှာတော့ Universal Stylus Initiative မှာ Google Tablet တစ်ခုဟာ Certified လာလုပ်သွားတယ်လို့ မှတ်တမ်းထွက်ပေါ်လာပါတယ်။

USI မှာ Tangor ဆိုတဲ့ Codename နဲ့ List လုပ်ထားတဲ့ ဒီ Device ဟာ Model မှာတော့ Tablet အဖြစ် List လုပ်ထားပါတယ်။ လောလောဆယ်မှာလည်း Google အနေနဲ့ Develop လုပ်နေတာ Pixel Tablet တစ်ခုပဲရှိပါတယ်။ လောလောဆယ်ထွက်မလာသေးပေမယ့် အဆိုပါ Tablet ကို ၂၀၂၃ မှာထွက်လာဖို့ ခန့်မှန်းထားပါတယ်။

USI ဆိုတာ Brand တွေအတွက် Styluses တွေဖန်တီးပေးပါတယ်။ Google အနေနဲ့ USI ကိုခုမှတော့ ဝင်လာတာမဟုတ်ပါဘူး။ USI member ဖြစ်နေတာ 2018 ကတည်းကဖြစ်ပြီး Chromebook တွေဆိုရင်လည်း Stylus support တာကြာပြီဖြစ်ပါတယ်။ ခုကတော့ Tablet တွေအလှည့်ကျလာပြီ ထင်ပါတယ်။ Google ဖုန်းတွေကိုလည်း မျှော်လင့်နေကြသူတွေ ရှိမယ်ထင်ပါတယ်။

လောလောဆယ်သိရသလောက်ကတော့ USI Stylus Support လုပ်တဲ့ Tablet ဆိုတာ မရှိသေးပါဘူး။ လောလောဆယ်မှာတော့ USI အနေနဲ့ Sytlus တွေအတွက် Wireless Charging ကိုမိတ်ဆက်ထားပြီး NFC ကိုသုံးထားတဲ့ WLC 2.0 ကိုမိတ်ဆက်ထားပါတယ်။ Stylus တွေကို 1 W အမြန်နှုန်းထိ အားသွင်းပေးနိုင်မယ့် နည်းပညာကို ပြသထားပါတယ်။ ဒါ့အပြင် Tilt Detection တွေလည်းပါဝင်တဲ့ နည်းပညာတွေကိုလည်း မိတ်ဆက်ထားပါတယ်။ ဒီတီထွင်မှုတွေကို နောက်နှစ်မှာတော့ မြင်တွေ့ရနိုင်မှာဖြစ်ပါတယ်။

Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ဝန်ထမ်း ၁၀ ရာခိုင်နှုန်း လျော့ချသွားမယ့် Tesla

Next
Next

Metaverse ထဲမှာ sexual assault လုပ်ခံလိုက်ရတဲ့ meta က researcher