ဝန်ထမ်း ၁၀ ရာခိုင်နှုန်း လျော့ချသွားမယ့် Tesla

Elon Musk အနေနဲ့ ကမ္ဘာတစ်ဝှမ်း Tesla အနေနဲ့ ဝန်ထမ်းခေါ်ယူနေတာတွေကို ရပ်နားဖို့နဲ့ ဝန်ထမ်း ၁၀ ရာခိုင်နှုန်းခန့်ကိုလည်း လျော့ချသွားဖို့ အင်္ဂါနေ့တုန်းက CEO Level ဝန်ထမ်းတွေကို စာပို့ခဲ့တယ်လို့ သတင်းသိရပါတယ်။ ၂၀၂၁ မှာတုန်းက Tesla မှာ ဝန်ထမ်းလုပ်ကိုင်နေသူပေါင်း 99,290 ဦးရှိတယ်လို့ဆိုပါတယ်။ သတင်းတွေအရ Musk အနေနဲ့ ယခုဖြစ်ပေါ်နေတဲ့ စီးပွားရေးကပ်အတွက် စိတ်မကောင်းကြောင်းကို အသားပေးဖော်ပြထားတယ်လို့ဆိုပါတယ်။

တစ်ကယ်တော့ ခုလိုအကြီးအကျယ် ဝန်ထမ်းလျော့ချတာဟာ Elon Musk နဲ့ Tesla အတွက်တော့ မထူးဆန်းပါဘူး။ 2017 တုန်း ဝန်ထမ်းဦးရေ ရာနဲချီပြီး ထုတ်ဖူးသလို 2018 တုန်းကလည်း ဝန်ထမ်းဦးရေ ၉ ရာခိုင်နှုန်းခန့်ကို လျော့ချဖူးပါတယ်။ 2019 မှာတော့ ၇ ရာခိုင်နှုန်းကို လျော့ခဲ့ပါသေးတယ်။ ဒါ့အပြင် 2020 တုန်းကလည်း လစာဖြတ်ခဲ့သလို ဝန်ထမ်းတစ်ချို့ကိုလည်း ရပ်ဆိုင်းပစ်ခဲ့ပါသေးတယ်။ ဘယ် Department ကိုဝန်ထမ်းလျော့ချသလဲဆိုတာ အတိအကျတော့ ဖော်ပြထားခြင်းမရှိပါဘူး။ ဒါပေမယ့် WFH ကာလအပြီး ကုမ္ပဏီကို ပြန်မလာပဲနေတဲ့ အလုပ်သမားတွေကိုတော့ အလုပ်ထွက်တယ်ယူဆပြီး ထုတ်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါရိုက်တာတစ်ချို့ကတော့ Musk အနေနဲ့ Twitter ကိုဝယ်ယူဖို့အတွက် ငွေကြေးချေးယူတာနဲ့ Tesla ရှယ်ယာအချို့ကို ထုတ်ယူခဲ့တာတွေနဲ့လည်း ပတ်သတ်နိုင်တယ်လို့ဆိုပါတယ်။ Report တွေအရ လျှပ်စစ်ကားဝယ်လိုအားဟာ မြင့်တက်နေဆဲဖြစ်ပြီး Tesla အနေနဲ့ 2022 ပထမနှစ်ဝက်အတွင်းမှာ အမြတ်ငွေ 3 Billion ရရှိပြီးဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် တရုတ်မှာ COVID-19 ကြောင့် Tesla ကားစက်ရုံပိတ်ချထားရတာတွေကြောင့် အသုံးစရိတ်လျော့ချတာဖြစ်နိုင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ကားထုတ်လုပ်မှုကတော့ လျော့ကျသွားမှာ မဟုတ်ဘူးလို့ ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် Twitter ကိုဝယ်လိုက်တဲအတွက် ဒီလိုလုပ်ရတာမဟုတ်ပဲ အခြေခံကုန်ဈေးနှုန်းတွေမြင့်တက်မှုနဲ့ တစ်ခြား အသုံးစရိတ်လျော့ချမှုအတွက်သာ ဖြစ်တယ်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ပါတယ်။ Elon အကြိုက် Dodge Coin ကတော့ လောလောဆယ် ၆၀ ရာခိုင်နှုန်းလောက် ဈေးကျနေပြီး Tesla 1.5 Billion လောက်မြှပ်နှံထားတဲ့ Bitcoin ဆိုရင်လည်း ဈေးကျနေဆဲပါပဲ။ ဒီအကြောင်းအရင်းတွေ ပေါင်းစုလိုက်တဲ့အခါ ဝန်ထမ်းလျော့ချမှုဖြစ်လာရတယ်လို့ ပညာရှင်တွေက သုံးသပ်ထားပါတယ်။

Ref : The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Standard Charger သတ်မှတ်မယ့် EU

Next
Next

Stylus Pen Support ပါဝင်လာမယ့် Google Pixel Tablet