Metaverse ထဲမှာ sexual assault လုပ်ခံလိုက်ရတဲ့ meta က researcher

Metaverse ကို research လုပ်နေတဲ့ အသက် ၂၁ နှစ်အရွယ် အမျိုးသမီး researcher တစ်ယောက်ဟာ metaverse ထဲကိုဝင်ရောက်အပြီး ၁နာရီအကြာမှာပဲ သူမရဲ့  avatar ကိုအခြား avatar တွေက အဖွဲ့လိုက် sexual assault လုပ်ခြင်းကိုခံလိုက်ရပါတယ်။ meta ရဲ့ VR World တစ်ခုဖြစ်တဲ့ horizon of world ဆိုတဲ့ platform မှာဖြစ်ခဲ့တာဖြစ်ပါတယ်။ သူမ မတိုင်ခင်ကလဲ အခြား female profile နဲ့ avatar တွေခုလိုအဖြစ်မျိုးနဲ့ကြုံတွေ့ခဲ့ရတာမျိုးတွေရှိတယ်လို့သိရပါတယ်။



ဖြစ်စဥ်ကို researcher ရဲ့ view ကနေရိုက်ယူထားတဲ့ ၂၈စက္ကန့်စာ video ဟာ internet ပေါ်ကိုပြန့်လာခဲ့ပြီး video ထဲမှာ အခြားယောကျာ်း၂ယောက်ရဲ့  avatar ၂ခုက အဆိုပါ researcher ကို room တစ်ခုထဲကို invite လုပ်ပြီးမဖွယ်မရာလုပ်ဖို့ကြိုးစားခဲ့တာကိုတွေ့ရပါတယ်။ ဒီလိုမလုပ်ခင်မှာ avatar တစ်ခုရဲ့အနားကိုကပ်ဖို့ကန့်သတ်ထားတဲ့ safety feature ကိုပိတ်ဖို့အရင်တောင်းဆိုခဲ့ပြီး researcher ကလဲလုပ်ပေးခဲ့လို့ ခုလိုအဖြစ်နဲ့ကြုံတွေ့ခဲ့တာဖြစ်ပါတယ်။ လူပေါင်းစုံသုံးနေတဲ့ internet ပေါ်မှာလိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုမျိုးဟာ ဘယ်လို platform မျိုးမှာဖြစ်ဖြစ်အမြဲကြုံတွေ့နေရတဲ့ပြဿနာဖြစ်ပါတယ်။ ဒီလိုပြဿနာမျိုးကနေကာကွယ်ဖို့အတွက် safety tools တွေကို meta အနေနဲ့ထည့်သွင်းပေးထားပြီး user အနေနဲ့ ဒီ feature တွေကို အသုံးမပြုပဲ disable လုပ်မယ်ဆိုရင်လဲ user ရဲ့ရွေးချယ်မှုကို အပြည့်အဝနားလည်ကြောင်းနဲ့  UI နဲ့ safety features တွေကိုလဲအမြဲ update ပြုလုပ်နေမှာဖြစ်တဲ့အကြောင်း Meta ရဲ့ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် Kristina Milian ကပြောဆိုခဲ့ပါတယ်။

Meta ရဲ့ horizon world ကို December လမှာ beta testing အဖြစ် public ဖွင့်ပေးခဲ့တာဖြစ်ပြီးလက်ရှိမှာတော့ အသုံးပြုသူ ၃သိန်းကျော်လောက်ရှိနေပြီပဲဖြစ်ပါတ​​ယ်။

ref; bbc, business insider

 

Previous
Previous

Stylus Pen Support ပါဝင်လာမယ့် Google Pixel Tablet

Next
Next

LCD ထုတ်လုပ်ရေးကို သတ်မှတ်ရက်စွဲထက် ၆ လစောပြီး ရပ်နားသွားမယ့် Samsung