Stock Android ကဘာလို့ Optimization အကောင်းဆုံးဖြစ်နေတာလဲ

ဘယ်လိုပဲ UI လှပါတယ်ဆိုတဲ့ OS တွေပဲထွက်လာလာ၊ ကောင်းလှပါချည်ရဲ့၊ သွက်လှပါချည်ရဲ့ဆိုတဲ့ UI တွေလာခဲ့လည်း နောက်ဆုံးမှာ အရိုးရှင်းဆုံးက အကောင်းဆုံးနဲ့ အဆန်းဆုံးဆိုတာ မိတ်ဆွေတို့ ငြင်းလို့ရမှာမဟုတ်ပါဘူး။ ဒီခံစားချက်ကို Stock Android သုံးဖူးသူတွေနဲ့ Pixel ကိုင်ဖူးသူတွေ သေချာသိမှာပါ။

Stock Android ROM ကို Google ကထုတ်တဲ့ Pixel တွေမှာတွေ့နိုင်သလို၊ XDA Forum လိုမျိုးနေရာတွေမှာလည်း Custom Community Rom တွေအများကြီးတွေ့နိုင်ပါတယ်။ Stock Rom ကို Pure Android ဒါမှမဟုတ် Vanilla Android လို့လည်း ခေါ်နိုင်ပါသေးတယ်။ Stock Rom ကို Android ရဲ့ Core Kernal ပေါ်မှာပဲ Run လို့ တစ်ခြားကုမ္ပဏီတွေလို ပြင်ထားတာတွေ၊ ကွန့်ထားတာတွေ မရှိပါဘူး။ Pure Android မှာဘာအချက်တွေကောင်းလဲဆိုရင်တော့ အောက်က အချက်တွေကောင်းပါတယ်။

၁. ဖုန်း Hardware ရဲ့ စွမ်းဆောင်ရည်ကို 100% အသုံးပြုနိုင်ပါတယ်
Stock Android မှာ Bloatware တွေနဲ့ တစ်ခြား UI တွေလို ကြိုတင်ပြီး Install ပေးထားတဲ့ အပို Software တွေမပါပဲ လုံးဝအခွံမို့ Performace က လုံးဝမြန်ဆန်နေမှာပါ။

၂. ဖုန်း Storage မစားပါဘူး
ကြိုတင်ပြီး Install လုပ်ပေးထားတဲ့ Software တွေမပါတော့ ဖုန်း Storage လည်း မစားတော့ပါဘူး။

၃. OS update တွေစောစောကြိုရပါတယ်
Pure Android ဖြစ်တဲ့အတွက် လစဥ်ထွက်တဲ့ Security Patch တွေနဲ့ Android Version အသစ်တွေလည်း စောစောကြိုတင်ရတာများပါတယ်။

၄. ပိုကောင်းတဲ့ ဖုန်း Performance နဲ့ Battery Performance
လုံးဝ Pure ဖြစ်တဲ့ Android မှာ Music Player ကအစမပါတတ်လို့ အပိုဆားဒါး Service တွေ run စရာမရှိတဲ့ဖုန်းဟာ Performance အရမ်းမြန်နေမှာ သိသာပါတယ်။ ဒါ့အပြင် ROM ကောင်းရင်ကောင်းသလို Battery Performance ကလည်း ကောင်းနေတတ်ပါတယ်။

၅. ကြိုက်သလိုလုပ်နိုင်တဲ့ UI Customization
UI ကအစ Base UI ဖြစ်လို့ Theme ပြောင်းတာ၊ Font Style ပြောင်းတာ၊ Noti bar တွေအစ အကုန်လုံးကို ကိုယ့်စိတ်ကြိုက် ပြောင်းလဲဖြစ်လို့ရတာ Stock Android ရဲ့အားသာချက်ဖြစ်ပါတယ်။

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Adult Content တွေ သီးသန့် Live လွှင့်နိုင်ဖို့ ပြင်ဆင်နေတဲ့ TikTok

Next
Next

ကုန်ကျငွေကို မမှုပဲ Ukraine ကို Starlink အခမဲ့အသုံးပြုခွင့်ပေးနေဦးမယ့် Elon Musk