ကုန်ကျငွေကို မမှုပဲ Ukraine ကို Starlink အခမဲ့အသုံးပြုခွင့်ပေးနေဦးမယ့် Elon Musk

ပြီးခဲ့တဲ့ ရက်အနည်းငယ်လောက်တုန်းက Elon Musk အနေနဲ့ Starlink မှာဘတ်ဂျတ်အရမ်းထိနေလို့ Ukraine မှာပေးထားတဲ့ Starlink Service တွေကို အခမဲ့ပေးသုံးဖို့ မဖြစ်နိုင်တော့ဘူးလို့ စကားစခဲ့ပေမယ့် ခုတော့ ကုန်လည်းဂရုမစိုက်ပဲ ဆက်ပြီး Support ပေးမယ်လို့ ဆုံးဖြတ်လိုက်တယ်လို့ Twitter မှာတင်ထားပြန်ပါပြီ။

"ဖြစ်ချင်ရာဖြစ်ဗျာ... StarLink မှာငွေတွေအများကြီးကုန်နေတဲ့အချိန်၊ တစ်ခြားကုမ္ပဏီတွေကတော့ အခွန်တွေရှယ်ဆောင်ပြီး အောင်မြင်နေကြတယ်။ ဒါပေမယ့် ယူကရိန်းကိုဆက်ပြီး StarLink အင်တာနက် အခမဲ့ပေးသုံးဦးမယ်" လို့ Twitter မှာတင်ထားတာပါ။

StarLink အနေနဲ့ ယူကရိန်းကို ထောက်ပံ့ပေးထားတဲ့ စက်ဖိုးတွေနဲ့ အင်တာနက်ခ $ 124 million ကို အမေရိကန်အစိုးရအနေနဲ့ ပေးနိုင်မလားလို့ တောင်းဆိုခဲ့သလို၊ တစ်လကို အင်တာနက် Service ခ $ 20 million ကုန်ကျနေတာမို့ ကုန်ကျစားရိတ်ထောင်းလာတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ လောလောဆယ် ယူကရိန်းကိုပို့ပေးထားတဲ့ StarLink ဖိုးတွေကို US, UK နဲ့ Poland နိုင်ငံတို့က တစ်ချို့တစ်ဝက် ငွေပေးချေတယ်လို့တော့ ကုမ္ပဏီမှာ ထုတ်ပြန်ထားပါတယ်။

လောလောဆယ်မှာ StarLink အလုံး ၂သောင်းခွဲခန့် ယူကရိန်းကို ပို့ပြီးကူညီထားသလို၊ ရုရှားရဲ့ ဒုံးကျည်ပစ်ခတ်မှုတွေကြောင့် အင်တာနက်တွေပျက်ကုန်ပေမယ့် StarLink ကြောင့်ပဲ ယူကရိန်းနိုင်ငံအစိုးရနဲ့ အရပ်သားတွေ အင်တာနက်ရနေတာဖြစ်တယ်လို့ Elon ကပြောခဲ့ပါသေးတယ်။

Ref : The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Stock Android ကဘာလို့ Optimization အကောင်းဆုံးဖြစ်နေတာလဲ

Next
Next

ကြော်ငြာကြည့်ရင်း ဈေးသက်သက်သာသာနဲ့ ကြည့်နိုင်မယ့် Netflix Plan အသစ်