Adult Content တွေ သီးသန့် Live လွှင့်နိုင်ဖို့ ပြင်ဆင်နေတဲ့ TikTok

TikTok ဟာ သူတို့ App အသုံးပြုမယ့်သူရဲ့ အနည်းဆုံးအသက်အရွယ် လိုအပ်ချက်ကို အနည်းငယ်မြှင့်တင်ပြီး Adult-only streams တွေခွင့်ပြုသွားဖို့ စီစဥ်နေပါတယ်။ အသက်အရွယ် ကန့်သန့်ချက်ကိုလိုက်ပြီး ကလေးငယ်တွေကို Live လွှင့်ခွင့်ပိတ်ပင်ပြီး Adult Only Content Live ကြည့်ရှုခွင့်ကိုလည်း စီစဥ်နေဟန်ရှိပါတယ်။

TikTok ကတင်ထားတဲ့ သတင်းတစ်ခုမှာ TikTok အနေနဲ့ Livestream နဲ့ပတ်သတ်တဲ့ ကန့်သတ်ချက်တစ်ချို့ကိုပြင်ဆင်ထားတယ်လို့ သိရပါတယ်။ ပြင်ဆင်ချက်တွေမှာ အသက်ကန့်သတ်ချက်နဲ့ Creator Tool တွေလည်းပါဝင်ပါတယ်။ လောလောဆယ်မှာတော့ Follower 1000 အနည်းဆုံးရှိပြီး အသက် ၁၆ နှစ်ကျော်သူတွေရဲ့ အကောင့်တွေပဲ TikTok မှာ Live Stream ခွင့်ရှိပြီး အသက် ၁၈ ကျော်သူတွေဟာ Tips ပေးတာ၊ လက်ခံတာတွေကို ရယူပြီး Monetization လုပ်လို့ရပါသေးတယ်။ လာမယ့် နိုဝင်ဘာ ၂၃ ရက်နေ့ကစလို့ TikTok မှာ အသက် ၁၈ ပြည့်ပြီးသူတွေပဲ Livestream လို့ရပါတော့မယ်။

အသုံးပြုသူတွေ စိတ်အနှောက်အယှက်မဖြစ်စေဖို့နဲ့ ဝင်ငွေမထိခိုက်ဖို့ အစွမ်းကုန်ကြိုးစားနေပြီး အသက်အရွယ်ကန့်သတ်ချက်တွေကို မြှင့်တင်လိုက်ရခြင်းဟာ အရွယ်ရောက်ပြီးသားလူတွေအတွက် ပိုမိုသီးသန့်ဆန်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးလိုက်ခြင်းဖြစ်ပြီး Adult Content တွေဆိုတာကလည်း ကလေးတွေကို မသိစေချင်တဲ့ ဘဝအကြောင်းအရာတွေ၊ လူကြီးကိစ္စတွေ ဆွေးနွေးဖို့အတွက် ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်အနည်းငယ်က ဆီးရီးယားဒုက္ခသည်စခန်းက ဒုက္ခသည်တွေဟာ TikTok ကနေတစ်ဆင့် အလျှူငွေတောင်းခံခဲ့ကြပြီး နောက်ပိုင်းမှာတော့ TikTok က ဘန်းခဲ့ပါတယ်။ အသစ်ပါဝင်မယ့် TikTok Live မှာ လူ ၅ ဦးနဲ့အထက် အတူတူ Host လုပ်ပြီး Live လွှင့်နိုင်မှာဖြစ်ပြီး ပိုမိုတင်းကြပ်တဲ့ စည်းမျဥ်းတွေထုတ်ပြန်သွားမယ်လို့လည်း သိရပါတယ်။

Ref : TikTok

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Never Settle ?

Next
Next

Stock Android ကဘာလို့ Optimization အကောင်းဆုံးဖြစ်နေတာလဲ