Apple ဖခင်ကြီး Steve Jobs ကွယ်လွန်တာ ၁၁ နှစ်ပြည့်ခဲ့ပြီ

Apple ဖုန်းတွေကို စင်ပေါ်မှာ Presentation ကောင်းကောင်းနဲ့ တင်ဆက်ခဲ့သူ၊ တစ်ချို့ Android ကုမ္ပဏီတွေနဲ့ ဖုန်းကုမ္ပဏီတွေ ဖုန်းလောကနေ အနားယူသွားအောင် သူ့အချိန်တုန်းက Bleeding Edge နည်းပညာပါဝင်တဲ့ ဖုန်းကိုမိတ်ဆက်ခဲ့တဲ့ Apple ဖခင်လို့ သိထားကြတဲ့ Steve Jobs ကြီးဆုံးတာ ဒီနေ့ဆိုရင် ၁၁ နှစ်ပြည့်ခဲ့ပါပြီ။ Apple iPhone 4S နဲ့ Apple Assistance Siri တို့ကို မိတ်ဆက်တာကတော့ Oct 4 2011 မှာမိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

Laurene Powell Jobs, Tim Cook နဲ့ Jony Ive တို့ဟာ ဒီနေ့မှာ Tim ထားခဲ့တဲ့ အမွေအနစ်နဲ့ Culture အကြောင်းကို ဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးမှုအတွင်းမှာ Powell က Steve Jobs Archieve လို့ခေါ်တဲ့ Website တစ်ခုကို မျှဝေခဲ့ပါတယ်။ အဆိုပါ Website မှာ Steve ပြောခဲ့တဲ့ မှတ်သားဖွယ်စကားတွေ၊ Videos တွေ၊ Steve စိတ်ကူးပေါက်တိုင်း သူ့ကိုယ်သူပြန်ပို့တတ်တဲ့ Email တွေကို အမှတ်တရ ဖော်ပြထားပါတယ်။

Apples ကိုယ်တိုင်လည်း သူတို့ရဲ့ Website မှာ Steve ဆုံးပါးမှုအတွက် ဝမ်းနည်းကြောင်းကိုကမ္ဘာတစ်ဝှမ်းက မိတ်ဆွေတွေပို့ပေးထားတဲ့ စာတွေ ဖော်ပြထားတဲ့ Website လွှင့်တင်ထားဆဲပါ။ မနှစ်တုန်းက Steve ဆုံးပါးတာ ၁၀ နှစ်ပြည့်အနေနဲ့ "Celebrating Steve" လို့အမည်ပေးထားတဲ့ Short Film တစ်ခုကို တင်ထားခဲ့ပါသေးတယ်။ "သူ့အကြောင်းသတိမရမိတဲ့နေ့ တစ်ရက်လေးမှ မရှိသေးပါဘူး"လို့ Apple CEO Tim Cook က ၂၀၁၇ တုန်းက တစ်ခါပြောကြားခဲ့ဖူးပါတယ်။

Ref : Mac Rumores

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

1.4nm Chips အတွက်အစီအစဥ်တွေချပြလိုက်တဲ့ Samsung

Next
Next

EU တစ်ခွင် USB-C အိမ်မက် နီးစပ်လာပြီလား