EU တစ်ခွင် USB-C အိမ်မက် နီးစပ်လာပြီလား

ဂျွန်လတုန်းက ဥရောပပါလီီမန့်နဲ့ ကောင်စီအနေနဲ့ ဥရောပနိုင်ငံတိုင်းကို တင်သွင်းတဲ့ဖုန်းတွေအားလုံး USB-C ဖြစ်ဖို့အတွက် အဆိုတင်သွင်းနေကြတာ ခုဆိုရင် ဆုံးဖြတ်ချက်အတည်ပြုဖို့ တစ်ဖြည်းဖြည်း နီးစပ်လာပါပြီ။ ယနေ့လည်း မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၆၀၂ မဲ၊ ကန့်ကွက်မဲ ၁၃ မဲနှင့် ၈ မဲ ပျက်ကွက်နဲ့ အနိုင်ရခဲ့ပါတယ်။

ဥရောပနိုင်ငံတစ်ခွင်ကို တင်ပို့တဲ့ ဖုန်းတိုင်းမှာ USB-C ကိုပဲ အသုံးပြုဖို့နဲ့ ထိုဆုံးဖြတ်ချက်ကို ၂၀၂၄ အမှီလိုက်နာရမှာဖြစ်ပြီး၊ Laptop တိုင်းကိုတော့ ၂၀၂၆ နွေရာသီအမှီ ပြောင်းလဲပေးရမှာဖြစ်ပါတယ်။ ထိုအဆိုကို အတည်ပြုဖို့ ကောင်စီက တိုက်ရိုက်ညွန်ကြားချက်တစ်ခုသာ ကျန်တော့ပြီး အတည်ပြုလိုက်တာနဲ့ ဥရောပတစ်ခွင် ထိုဆုံးဖြတ်ချက် အကြုံးဝင်တော့မှာဖြစ်ပါတယ်။

ဒီစည်းမျဥ်းဟာ အသေးစားနဲ့ အလတ်စား လျှပ်စစ်ပစ္စည်းတွေဖြစ်တဲ့ လျှပ်စစ်နားကြပ်၊ စပီကာနဲ့ Video Game Console၊ E-reader၊ Keyboards စတဲ့ Device ပေါင်းစုံအတွက်လည်း အကြုံးဝင်မှာပါ။ USB-C ထည့်ဖို့ အရမ်းသေးတဲ့ Device တွေကတော့ ခြွင်းချက်အနေနဲ့ ပါဝင်ပါတယ်၊

ဒီစည်းမျဥ်းရဲ့ ရေရှည်ရည်ရွယ်ချက်ကတော့ USB Type ပေါင်းစုံကနေ ထွက်လာတဲ့ E waste တွေကို အတတ်နိုင်ဆုံးလျော့ချဖို့ဖြစ်ပါတယ်။ Wireless နဲ့ Fast Charging အတွက်လည်း စံသတ်မှတ်ချက်တွေ ထွက်ပေါ်လာမယ်လို့ ကြေငြာထားပါတယ်။ ဒီစံသတ်မှတ်ချက်တွေ လိုက်နာခြင်းဖြင် တစ်နှစ်ကို ယူရိုသန်း ၂၅၀ လောက်ငွေကုန်ကြေးကျ သက်သာမှာဖြစ်ပြီး၊ E waste တန်ပေါင်း ၁ သောင်းကျော် သက်သာမှာဖြစ်ပါတယ်။

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Apple ဖခင်ကြီး Steve Jobs ကွယ်လွန်တာ ၁၁ နှစ်ပြည့်ခဲ့ပြီ

Next
Next

Instagram ကနေဖယ်ရှားခံလိုက်ရတဲ့ PornHub Official Account