Aesthetic ဆန်ဆန် Short Videoတွေ၊ Reels တွေဖန်တီးမယ်ဆိုရင်

ခုနောက်ပိုင်း Meta ကိုယ်တိုင်အားစိုက်နေတဲ့ Instagram နဲ့ Facebook Reel တွေဟာ TikTok ရဲ့ Short Video Content နဲ့အပြိုင်နေရာယူလာတာကို တွေ့ရမှာပါ ။ မြန်မာနိုင်ငံမှာလည်း ခုနောက်ပိုင်း Reels ကိုအတော်လေး အသုံးပြုလာသလို၊ လူငယ်တွေကြားမှာလည်း Reels ဆိုတဲ့ စကားလုံးခေတ်စားလာပါတယ်။ Reels ကိုအရင်က အိမ်နီးချင်း ထိုင်းနိုင်ငံမှာသာ အသုံးပြုနိုင်ခဲ့ပေမယ့် ခုတော့ မြန်မာနိုင်ငံမှာလည်း အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ Reels ရဲ့အားသာချက်က TikTok လို Effect ပေါင်းစုံထည့်တာမဟုတ်ပဲ နောက်ခံတီးလုံးတွေ၊ Transitions တွေနဲ့အတူပြုလုပ်ထားတဲ့ Template ထဲမှာ ကိုယ်တိုင်ရိုက်ကူးထားတဲ့ Video အတိုလေးတွေကို အလွယ်တကူထည့်ပြီး Aesthestic ဆန်ဆန် Short Video တွေပြုလုပ်နိုင်တာမို့ လူငယ်တွေနဲ့ အထူးသဖြင့် အမျိုးသမီးငယ်တွေအကြား ရေပန်းစားနေပါတယ်။

Reels လုပ်ဖို့ ဘယ် App တွေအကောင်းဆုံးလဲဆိုရင်တော့ Instagram ကထိပ်ဆုံးကပါပဲ။ လောလောဆယ် Reels ပြုလုပ်နေတဲ့ Content Creator တွေကိုယ်တိုင်ကလည်း ပိုက်ဆံရနေတာမို့ Instagram မှာ Reels တွေစုံစုံလင်လင်နဲ့ Template တွေလည်း မျိုးစုံအောင် ပေါပါတယ်။ Original ထက်ပိုကောင်းတာ မရှိတော့ပါဘူး။

နောက်တစ်ခုကတော့ Facebook ပါ။ Facebook မှာ Reels အတွက် Filter တွေအများကြီး၊ Effect တွေအများကြီးမရှိသေးပေမယ့် Green Screen ဖောက်တာမျိုး၊ နောက်ခံ Song ထည့်တာမျိုးကိုတော့ Facebook မှာပဲ In-app အေးအေးဆေးဆေးလုပ်နိုင်ပါတယ်။ Copyright မမိဖို့ဆိုရင် Facebook က ပေးတဲ့ Songtrack တွေကိုပဲ သုံးတာကောင်းပါတယ်။

ဒါပြီးရင်ညွန်းချင်တာက Third-party App တစ်ခုဖြစ်တဲ့ Light Cut ဆိုတဲ့ ကောင်ပဲဖြစ်ပါတယ်။ Reels အတွက်သပ်သပ်ဖန်တီးပေးထားတာဖြစ်ပြီး Template တွေ၊ App သုံးခတွေက လောလောဆယ်မှာတော့ အခမဲ့ပေးထားပါတယ်။ သုံးရတာလွယ်ကူပြီး One Stop ပုံစံမို့ အလွယ်လေးသုံးလို့ရမှာဖြစ်ပါတယ်။ ဒီကောင်လေးကို Highly Recommand ပါ။

နောက်တစ်ခုကတော့ Lyric Music Video လုပ်တဲ့သူတွေကြားမှာရေပန်းစားနေတဲ့ VN ဆိုတဲ့ App ပဲဖြစ်ပါတယ်။ VN အဓိကအသားပေးက Light Weight Video Editoing ဖြစ်တဲ့အပြင် Mac လိုမျိုး Platform မှာပါ သုံးနိုင်လို့ အတော်လေး အဆင်ပြေတယ်လို့ပြောလို့ရပါတယ်။ Industrial ပိုင်းအကြီးကြီးမဟုတ်ပဲ သုံးမယ်ဆိုရင် အတော်လေးအဆင်ပြေပြီး Funciton တွေလဲစုံလင်လို့ စမ်းသပ်ကြည့်စေချင်ပါတယ်။

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Status Bar မှာ Battery Percentage ပြန်ထည့်ပေးမယ့် iOS 16 Beta

Next
Next

ကနဦးကြေငြာထားတဲ့ ဈေးထက်ပိုကြီးလာမယ့် Tesla Cybertruck