Standard Charger သတ်မှတ်မယ့် EU

ကျွန်တော်တို့အနေနဲ့ ဖုန်းတွေ၊ Tech Gadget တွေကို Brand တစ်ခုစွဲကိုင်ရင်ပြဿနာမရှိပေမယ့်၊ ဖုန်းက Brand တစ်ခု၊ Smart Watch က Brand တစ်ခု၊ နားကြပ်က Brand တစ်ခုဆိုပြီး သုံးတဲ့အခါမှာတော့ ပြဿနာရှိလာပါတယ်။ Device အမျိုးမျိုးအတွက် Charger ပေါင်းစုံကို သုံးရတဲ့ပြဿနာပြဖြစ်ပါတယ်။ Device ၃ ခုရှိရင် Charger ၃ မျိုးဆောင်ရတာဟာ အိမ်မှာနေရင် ပြဿနာမဟုတ်ပေမယ့် ခရီးသွားတဲ့အခါမှာတော့ ပြဿနာပါပဲ။ ဒီပြဿနာကိုတော့ ဥရောပကောင်စီ EU အနေနဲ့ အဆုံးသတ်ချင်ပြီထင်ပါတယ်။ EU အတွင်းအသုံးပြုရမယ့် Charger ကို June လ ၇ ရက်နေ့မှာ သတ်မှတ်ဖို့ ဆုံးဖြတ်ထားပါတယ်။

တစ်ကယ်တော့ ဈေးကွက်ထဲက Device တွေတော်တော်များများက USB-C ကိုသုံးနေကြတာ အတော်ကြာပါပြီ။ သိုးမည်းဖြစ်တဲ့ Apple တစ်ခုပဲ ခုချိန်ထိ Lighting ကိုမစွန့်လွှတ်သေးတာဖြစ်ပါတယ်။ ဒါပေမယ့် iPhone 14 Series မှာတော့ USB-C ဖြစ်လာမယ်လို့ သတင်းတွေထွက်နေပါတယ်။

EU ဥပဒေရေးရာနဲ့ ကိုယ်စားလှယ်တွေကတော့ လာမယ့် အင်္ဂါနေ့မှာ ဘယ် Charger ကိုပဲ စံထားပြီး သုံးရမယ်ဆိုတဲ့ အချက်ကို ချမှတ်ဖို့ ဆုံးဖြတ်ပြီးပြီလို့ သတင်းထုတ်ပြန်ထားပါတယ်။ အတွင်းသတင်းတွေအရတော့ ဖုန်းတွေ၊ တက်ဘလက်တွေ၊ ကြိုးမဲ့နားကြပ်တွေ အနေနဲ့ USB-C ကိုပဲစံထားသုံးဖို့ ဆုံးဖြတ်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ USB-C ကို Device မှာပြောင်းလဲဖို့သာဖြစ်ပြီး Charging Brick မှာတော့ ကြိုက်နှစ်သက်တဲ့ USB Port ကိုသုံးလို့ရဦးမှာပါ။ တစ်ချို့အချက်တွေကိုတော့ စီစစ်နေဆဲဖြစ်ပြီး Laptop တွေမှာပါ Charging Port ကို USB-C သတ်မှတ်ဖို့ စိတ်အားထက်သန်နေကြတယ်လို့လည်း ဆိုပါတယ်။ Laptop နဲ့ပတ်သတ်ရင်တော့ Apple အနေနဲ့ MacBook တွေက USB-C ဖြစ်ပြီးသားမို့ အေးဆေးပါပဲ။

နောက်တစ်ခုကတော့ Wireless-Charging ဖြစ်ပါတယ်။ EU အနေနဲ့ Wireless Charging ကို 2025 နောက်ဆုံးထားပြီး ပါဝင်သင့်တဲ့ စံသတ်မှတ်ချက်တစ်ခုအဖြစ် သတ်မှတ်ဖို့ လျာထားနေတယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် ဒီဆုံးဖြတ်ချက်တွေကိုတော့ နည်းပညာဆိုင်ရာ အပြောင်းအလဲတွေဟာ ထင်သလောက် လွယ်ကူမြန်ဆန်တာမဟုတ်လို့ အချိန်ပေးဖို့လည်း တောင်းဆိုနေသူတွေရှိနေပါတယ်။

Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ကလေးငယ်ပျောက်ဆုံးမှုကို ဖော်ပြပေးမယ့် AMBER Alert စနစ်ကို Instagram မိတ်ဆက်

Next
Next

ဝန်ထမ်း ၁၀ ရာခိုင်နှုန်း လျော့ချသွားမယ့် Tesla