ကလေးငယ်ပျောက်ဆုံးမှုကို ဖော်ပြပေးမယ့် AMBER Alert စနစ်ကို Instagram မိတ်ဆက်

America's Missing: Broadcast Emergency Response (AMBER Alert) လို့အတိုချုံးခေါ်ဆိုနိုင်တဲ့ ကလေးသူငယ်ပျောက်ဆုံးမှုတွေကို သတိပေးမယ့် စနစ်တစ်ခုကို Instagram ကမိတ်ဆက်လိုက်ပါတယ်။ ဒီစနစ်ကို ကမ္ဘာ့အနှံ့မှာရှိတဲ့ နိုင်ငံ ၂၅ နိုင်ငံမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Meta အနေနဲ့ အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ဒီစနစ်ကို လုပ်ဆောင်ခဲ့ရာ 2015 ကနေခုထိ ကလေးငယ်ပေါင်း ရာနဲ့ချီပြီး ပျောက်ဆုံးမှုကို ဖြေရှင်ပေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

AMBER Alert စနစ်ကို ကလေးသူငယ်ပျောက်ဆုံးမှု ရှာဖွေကယ်ဆယ်ရေးနဲ့ နိုင်ငံတစ်ကာ ကလေးသူငယ်ပျောက်ဆုံးမှု ရှာဖွေရေး အဖွဲ့၊ မှုခင်းနှိမ်နင်းရေးအဖွဲ့(အမေရိကန်) နဲ့ သြစတီးယား နိုင်ငံမှာရှိတဲ့ အာဏာပိုင်တွေပူးပေါင်းပြီး ဖန်တီးခဲ့တာဖြစ်ပါတယ်။ ဒီစနစ်ဟာ လူပျောက်ကြော်ငြာကို လမ်းဘေးမှာ ကြော်ငြာစာလိုက်ကပ်တဲ့ လုပ်ဆောင်ချက်ကို လူမှုကွန်ရက်မှာ ပြန်လည် အဆင့်မြှင့်တင်ထားပုံနဲ့ဆင်ပါတယ်။

Instagram မှာ ထည့်လိုက်တဲ့ AMBER Update အရ သင့်အနေနဲ့ ကလေးငယ်တစ်ယောက် ပျောက်နေတဲ့ နေရာတစ်ခုအတွင်းမှာ ရောက်နေတယ်ဆိုရင် Instagram Feed မှာ ကလေးငယ်ပျောက်ဆုံးတဲ့အကြောင်းကို Alert ဖြစ်နေမှာဖြစ်ပြီး သက်ဆိုင်ရာတွေက သတိပေးလာမှာဖြစ်ပါတယ်။ ကလေးငယ်ပျောက်ဆုံးတဲ့ သတင်းမှာ ကလေးငယ်ရဲ့ ပုံနဲ့အတူ ပျောက်ဆုံးသွားတဲ့နေရာ၊ ကလေးရဲ့ပုံစံအသေးစိတ်နဲ့ တစ်ခြားအကြောင်းအရာတွေအပါအဝင် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ကိုလည်း ထည့်သွင်း ဖော်ပြပေးထားမှာဖြစ်ပါတယ်။ Instagram အနေနဲ့ အသုံးပြုသူရဲ့ IP လိပ်စာနဲ့ Location ကိုလိုက်ပြီး AMBER Alert ကိုထုတ်ပြန်ပေးမှာဖြစ်ပါတယ်။ ဒါကြောင့် VPN သုံးနေတဲ့ မြန်မာကတစ်ချို့လူတွေတော့ AMBER Alert ကိုမြင်ရနိုင်ခြေရှိပါတယ်။

AMBER Alert ကို June 2 ရက်နေ့တုန်းက စတင်မိတ်ဆက်ခဲ့ပြီး နိုင်ငံပေါင်း ၂၅ နိုင်ငံမှာ အသုံးပြုနိုင်ဖို့အတွက် ရက်သတ္တပတ် အနည်းငယ်တော့ ကြာဦးမယ်လို့ဆိုပါတယ်။ AMBER Alert အသုံးပြုနိုင်မယ့် နိုင်ငံတွေကတော့ Argentina၊ Australia၊ Belgium၊ Bulgaria၊ Canada၊Ecuador၊ Greece၊ Guatemala, Ireland, Jamaica, Korea, Lithuania, Luxembourg, Malaysia၊ Malta, Mexico, the Netherlands, New Zealand၊ Romania, South Africa, Taiwan, Ukraine, the UK, UAE, နဲ့ US တို့ပဲဖြစ်ပါတယ်။

Ref : Android Police

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ကြီးမားသော 6000 mAh ဘက်ထရီ၊ 22.5W HUAWEI SuperCharge၊ 4+128 GB Storage တို့ပါဝင်သော HUAWEI nova Y70 အား မြန်မာကျပ် ၃၃၉,၀၀၀ ဖြင့်မြန်မာနိုင်ငံစျေးကွက်တွင် ဝယ်ယူရရှိနိုင်ပြီ

Next
Next

Standard Charger သတ်မှတ်မယ့် EU