Spotify Warp နဲ့ Myday မှာ ကြွယ်ကြမယ်

နှစ်ကုန်ခါနီးပြီဆိုတော့ App ပေါင်းစုံက တစ်နှစ်အတွင်း အသုံးပြုသူဘယ်လောက် ဘာညာနဲ့အပြိုင်ကြွယ်ကြမယ့်အချိန်ရောက်လို့လာပါပြီ။ Google ကိုယ်တိုင်လည်း တစ်နှစ်အတွင်း အရှာများဆုံး ဘာညာဆိုပြီးလည်း လာဦးမှာပါ။ ဆိုတော့ လောလောဆယ်မှာတော့ Spotify ကနေ Warp ထွက်လာပြီဖြစ်ပြီး လူတိုင်းနီးပါးရဲ့ Story မှာမြင်တွေ့နေရမှာပါ။

Spotify Warp ဆိုတာကတော့ ၂၀၁၆ ဒီဇင်ဘာမှာစတင်ခဲ့တဲ့ တစ်နှစ်အတွင်း Spotify မှာ ကိုယ်ရဲ့ နားအထောင်ဆုံး Aritist, Channel, Songs အပြင် ဘယ်လို Music Genre တွေ၊ ဘယ်လို Podcast တွေကိုနားထောင်တယ်ဖြစ်ခဲ့တယ်ဆိုတာ Spotify က Visual တွေနဲ့ ကျွန်တော်တို့ကို ပြသသွားမယ့် လုပ်ဆောင်ချက်တစ်ခုပါ။ ဒါ့အပြင် Spotify မှာကိုယ်တိုင် Channel ရှိတယ်ဆိုရင်တော့ ကိုယ့် ​Channel ရဲ့ Statistics တွေကိုပါမြင်နေရမှာပါ။

၂၀၂၂ Spotify Warp မှာတော့ Top Genre, Audio Day, Top Song, Top Artist ဆိုပြီး အပိုင်းတွေပါဝင်ပါတယ်။ ဒီအပိုင်းတွေကို Warp Card လုပ်ပြီး Social media မှာရှယ်ရင်း Myday Reply ပြန်တာက "စားပြီးပြီလား" ထက်ပိုအခြေအနေကောင်းတယ်လို့ ပြောကြားရင်း Spotify Warp Card တွေရှယ်သွားကြပါဦးဗျ

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

iPhone က USB-C တစ်ကယ်သုံးလာမလား??

Next
Next

Happy 30th Birthday SMS