Happy 30th Birthday SMS

SMS (Short Messaging Service) စာတိုပို့စနစ်ဟာ December 3 ရက်နေ့က အနှစ် ၃၀ ပြည့်ခဲ့ပြီဖြစ်ပါတယ်။ အဲ့တော့ SMS ၃၀ ပြည့်နှစ်အထိမ်းအမှတ်အနေနဲ့ Google ဟာ SMS Group Chat မှာ end-to-end encryption Feature ထည့်ပေးလိုက်ပြီဖြစ်ကြောင်း ကြေငြာလိုက်ပါတယ်။ ဒါပေမယ့် ဒီ Feature ကို Beta Program ဝင်ထားတဲ့သူတွေပဲ သုံးနိုင်ပါလိမ့်ဦးမယ်။

ပြောလို့သာပြောရပေမယ့် မြန်မာနိုင်ငံမှာ SMS ကိုပုံမှန်သုံးကြတာရှားပါတယ်။ Messenger ကနေပဲ စာပို့ကြတာများလို့ SMS ကို အင်တာနက်မရတဲ့ နယ်ဖက်တွေပဲသုံးခဲ့ကြတာ...။

Google ကိုစကားပြန်ဆက်ရရင် Google အနေနဲ့ RCS မသုံးသေးပဲ SMS ပဲသုံးနေတဲ့ Apple ကိုကြုံတုန်းလည်း စသွားပါသေးတယ်။ RCS မသုံးတဲ့ Apple iMessageကိုသုံးနေတဲ့ Apple userတွေကို ၁၉၉၀ ခုနှစ်နည်းပညာနဲ့ တိုင်ပတ်နေကြတယ်လို့ Dig သွားတာပါ။

Google အနေနဲ့ Apple ကို RCS သုံးဖို့အတွက် Campaign တွေလုပ်ပြီးဖိတ်ခေါ်ခဲ့ပေမယ့် Apple CEO Tim Cook ကတစ်ခွန်းပဲပြန်ပြောပါတယ်။ "RCS စနစ်သုံးမယ့်အစား.. Android User တွေကို iPhone သုံးအောင်လုပ်ပစ်မယ်ကွ :3" ဟုပဲဖြစ်ပါတယ်။

ကဲဘာပဲဖြစ်ဖြစ်...Happy Belated Birthday SMS ပါခင်ဗျ

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Spotify Warp နဲ့ Myday မှာ ကြွယ်ကြမယ်

Next
Next

Pixel 4 ဖုန်းအသုံးပြုတယ်လို့ လိမ်ညာကြေငြာလို့ တရားစွဲခံတဲ့ Google