iPhone က USB-C တစ်ကယ်သုံးလာမလား??

ပြီးခဲ့တဲ့အပတ်တွေက ဆက်တိုက်မြင်နေရတဲ့ သတင်းတစ်ခုပါ။ EU က USB-C ကိုပဲစံထားပြီး သုံးရတော့မယ်လို့ သတ်မှတ်ပြီးတဲ့နောက် WSJ မှာလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ Apple ကတာဝန်ရှိသူတွေက "သူတို့အနေနဲ့ စံနှုန်းသတ်မှတ်ချက်တွေကို လိုက်နာမယ်" လို့ဖြေခဲ့ပါတယ်။ ဒါပေမယ့် USB-C ကို iPhone မှာသုံးမယ်လို့ ပြောခဲ့တာတော့မဟုတ်ပါဘူး။ ဒီအကြောင်းကို MKBHD ကလည်း အသေးစိတ်ရှင်းပြထားလို့ သူပြောတာတွေကိုလည်း ထည့်ပြောပါမယ်။

Apple က USB-C Law ကိုလိုက်နာမယ်လို့ပြောခဲ့တာပါ။ iPhone တွေမှာ USB-C ထည့်ပေးမယ်လို့ပြောခဲ့တာမဟုတ်ပါဘူး။ EU ကထုတ်တဲ့စည်းမျဥ်းမှာလည်း USB ပေါက်ပါဝင်တဲ့ Electironic ပစ္စည်းတိုင်းဟာ USB-C ဖြစ်ရမယ်လို့ စံထားပါတယ်။ တစ်ကယ်လို့ iPhone မှာ USB ပေါက်မပါခဲ့ရင်ရော??? အကုန်လုံးကို Portless လုပ်မယ်ဆိုရင်ရော?? Apple အနေနဲ့ Magsafe ကို iPhone သုံးနေတဲ့သူတွေ ရင်းနှီးနေတဲ့ Tech တစ်ခုဖြစ်အောင် iPhone 12 ကနေစလိုက်တာ ခုဆိုရင် ​မျိုးဆက် ၃ ခုထိရောက်နေပါပြီ။ Charging Speed လည်းမြန်လာသလို၊ Data Transfer ကိုလည်း Wireless နည်းပညာတွေ ထွန်းကားနေတဲ့အချိန်မှာ "ဟာ..ဒါဆိုရင် Data ကူးဖို့အပေါက်ဘယ်လိုလုပ်မလဲ?" ဆိုတာ မေးခွန်းကိုလည်း ဖြေပြီးသားဖြစ်မှာပါ။

နောက်ပြီး Apple ဟာ User တွေကို ဂရုစိုက်သလိုလိုနဲ့ တစ်ကယ်တော့ သူတို့ Eco System ထဲမှာ နေသားကျအောင် ဖန်တီးတဲ့နေရာမှာ အရမ်းတော်ပါတယ်။ USB-C ထည့်လိုက်ရင် သေချာတာကတော့ အားသွင်းတာလည်းပိုမြန်လာမှာဖြစ်သလို၊ Data Transfer ဘာညာကွိကွလည်း ပိုကောင်းလာမှာသေချာပေမယ့် Apple ကညစ်တွန်းတွန်းပြီး Portless လည်းလုပ်နိုင်ပါသေးတယ်။

နောက်တစ်ခုကတော့ USB-C ဟာဆယ်စုနှစ် ၁ ခုလောက်ရှိလာပြီဖြစ်တဲ့ နည်းပညာဖြစ်လာပြီဖြစ်သလို Charging Speed ကလည်း Super Charge, Ultra Charge, Blah Blah ဖြစ်အောင် အရမ်းလည်းမြန်နေပြီဖြစ်လို့ နည်းပညာကို နောက်တစ်ဆင့်တက်ဖို့ Apple ကစိုင်ပြင်းနေသလားဆိုတာလည်း ထည့်မေးရပါမယ်။ ဘယ်လိုပဲဖြစ်ဖြစ် Innovation Bleeding Edge Tech ဆိုတာ လူတိုင်းအတွက် ကောင်းမွန်မှုလို့ ကျနော်ကမြင်တာမို့ USB-C Vs Wireless Tech ဆိုတာကလည်း နောက်ပိုင်းစောင့်ကြည့်ရမယ့် ခေါင်းစဥ်တစ်ခုဖြစ်ပါတယ်။

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ပွဲရွှေ့လိုက်ရတဲ့ Xiaomi 13 ဖုန်း December 11 ရက်နေ့ပြန်လာမည်

Next
Next

Spotify Warp နဲ့ Myday မှာ ကြွယ်ကြမယ်