Spam Comment တွေကို ထိန်းဖို့ Comment Moderation ကိုပိုတင်းကြပ်ထားတဲ့ YouTube

YouTube Comment Section ဆိုတာ YouTube စကတည်းက ပေါက်ကရ ကွန်မန့်တွေ၊ Spam တွေ၊ Hate Speech အများဆုံးနေရာတစ်ခုဆိုလည်း မမှားပါဘူး။ ဒါ့ကြောင့် YouTube မှာ အငြင်းပွားဖယ် Content တွေတင်ရင် တော်တော်များများက comment ပိတ်ထားကြတာများပါတယ်။ ဒါပေမယ့် comment ပိတ်တဲ့အခါ engagement ကျသွားတဲ့ ပြဿနာကရှိနေပါတယ်။ နောက်ပြောင်တဲ့ comment ပေးတာအဆင်ပြေပေမယ့် Spam တဲ့ စာသားတွေ၊ စာအရှည်တွေ၊ Link တွေကတော့ တစ်ကယ်အဆင်မပြေတာပါ။ ဒါ့ကြောင့် YouTube အနေနဲ့ နောက်ဆုံးမှာ Comment Spam တာကို ဖြေရှင်းဖို့ ဆုံးဖြတ်လိုက်ပုံရပါတယ်။

နာမည်ကြီး YouTuber ဖြစ်တဲ့ MKBHD အနေနဲ့ April 1 ရက်နေ့တုန်းက YouTube အနေနဲ့ comment ထဲက Spam Comment တွေအနေနဲ့ အတော်ဆိုးရွားနေပြီဖြစ်ကြောင်း ထောက်ပြထားပါတယ်။ Channel ပိုင်ရှင်တွေကိုယ်တိုင် ထိန်းဖို့လည်း ပမာဏများရင် အဆင်မပြေကြောင်းကို ထောက်ပြထားပါတယ်။ လောလောဆယ် YouTube အနေနဲ့ AI ပါဝင်ပြီး လူကိုယ်တိုင် ကြီးကြပ်တဲ့ Spam Comment Control စနစ်ကို ထည့်သွင်းလိုက်ပြီဖြစ်ပါတယ်။ Comment တွေကို လူတိုင်းကိုပေးမြင်မလား၊ ပိတ်ထားမလား၊ ကိုယ်တိုင် Review လုပ်ပြီးမှ ပေးမြင်မလားစတဲ့ ရွေးချယ်မှုတွေပါဝင််တဲ့ စနစ်ကို စမ်းသပ်နေပါတယ်။

ဒီအကြောင်းကို MKBHD အနေနဲ့ Twitter မှာပြောထားပြီး screenshot ထဲမှာ Comment Moderation အတွက် Option တွေကိုတွေ့မြင်နိုင်ပါတယ်။ ထူးခြားတာက " လူအများကို အနှောင့်အယှက် ဖြစ်လာနိုင်မယ့်" Comment တွေကို ကြိုတင် ပိတ်ထားလို့ရတာပါပဲ။ YouTube ပြောဆိုခွင့်ရ Ivy Choi ကတော့ သူတို့အနေနဲ့ YouTube Comment ကိုတတ်နိုင်သမျှ Spam Comment တွေမရှိအောင်ဖို့ နည်းမျိုးစုံ ကြိုးစားသွားမယ်လို့ ဆိုပါတယ်။ အချိန်ကြာဦးမှာဖြစ်ပေမယ့် အားလုံးအတွက် ပိုမိုကောင်းမွန််တဲ့ Online Platform တစ်ခုဖြစ်အောင် အမြန်ဆုံးနဲ့ အတတ်နိုင်ဆုံး ကြိုစားသွားမယ်လို့ ပြောခဲ့ပါတယ်။

Ref : Android Police

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Oppo Find N ကို OnePlus ရဲ့ပထမဆုံး Foldable ဖုန်း အဖြစ်မြင်ရနိုင်မလား

Next
Next

ယူကရိန်း မီဒီယာတွေကို အဓိကထားတိုက်ခိုက်နေတဲ့ ရုရှား Website Domain တွေကို Microsoft ဖယ်ရှား