Oppo Find N ကို OnePlus ရဲ့ပထမဆုံး Foldable ဖုန်း အဖြစ်မြင်ရနိုင်မလား

မနှစ်တုန်းက OnePlus အနေနဲ့ သူရဲ့မိခင်ကုမ္ပဏီ Oppo နဲ့ အလုံးစုံပူပေါင်းသွားပြီဖြစ်ပါတယ်။ အစကတော့ Brading တွေအကုန် သပ်သပ်လုပ်ခဲ့ကြပေမယ့် ခုတော့ အကုန်လုံးဟာ အတူတူဖြစ််ကုန်ပါပြီ။ R&D ကနေ Design အထိအကုန်လုံးကို အတူတူသုံးပြီး Software Developer တောင်အတူတူ Team တစ်ခုတည်းဖြစ်ပါတယ်။ အတူတူမသုံးပဲ ခွဲနေတာဆိုလို့ Marketing ပဲကျန်ပါတော့တယ်။

ဒီလိုအခြေအနေတွေကြောင့် Oppo Find N ကို OnePlus ရဲ့ပထမဆုံး Foldabe အဖြစ်ထွက်လာမယ်ဆိုတာ သိပ်အံ့သြစရာတော့ ရှိမှာမဟုတ်ပါဘူး။ Oppo Find N ကို မနှစ်က တရုတ်နိုင်ငံထဲမှာ စတင်ရောင်းချပြီးနောက် တစ်ခြားနိုင်ငံတွေကိုတော့ ထပ်မံရောင်းချခြင်း မရှိသေးပါဘူး။

Oppo Find N အနေနဲ့ တစ်ခြား ဖုန်းတွေနဲ့ယှဥ်ရင် Samsung Galaxy Z Fold 3 လိုမျိုးနဲ့ယှဥ်ရင်တောင် ပိုသေးပါတယ်။ ဒါ့အပြင် အလယ်က Screen ဆက်တဲ့နေရာဟာ အတော်လေး Smooth ဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ Samsung ကတော့ Screen ၂ ခုကြားမှာ ဆက်ထားတဲ့အဆက်က Smooth မဖြစ််ပါဘူး။

တစ်ကယ်လို့ OnePlus က Oppo Find N ကိုယူသုံးပြီးထုတ်မယ်ဆိုရင် Oppo Find N အနေနဲ့ OnePlus ဈေးကွက်အတွက် တစ်ခြားနိုင်ငံတွေကို ထွက်လာဖို့ မရှိလောက်တော့ပါဘူး။ Market Share အတွက်အများကြီး စဥ်စားစရာမို့ တရုတ်မှာတော့ Oppo ထုတ်ပြီး နိုင်ငံတစ်ကာမှာတော့ OnePlus က ထွက်လာပါလိမ့်မယ်။ တစ်ကယ်လို့ ဖုန်း ၂ ခုလုံး နိုင်ငံတစ်ကာဈေးကွက်ကို ထွက်လာမယ်ဆိုရင်လည်း OnePlus အနေနဲ့ သူတို့ ဖုန်းကို Unique ဖြစ်အောင် တစ်ခုခုလုပ်ပါလိမ့်မယ်။

OnePlus ဖက်က Leak ဖြစ်လာတဲ့ Phone Production Roadmap အရတော့ ၂၀၂၂ ထိ Foldable မပါသေးပါဘူး။ ဒါကြောင့် ၂၀၂၃ နှစ်စပိုင်းမှာတော့ OnePlus Foldable တွေကို မြင်လာရနိုင်ပါတယ်။ ဒါပေမယ့် Twitter မှာတော့ ဒီနှစ််ကုန်မှာ OnePlus Foldable ထွက်လာနိုင်မယ်လို့ Rumor တွေထွက်ထားတာလည်း ရှိတာမို့ စောင့်ကြည့်ရပါဦးမယ်။

Ref : AndroidAuthority

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ခွေးလိမ်ရောင်းတဲ့ လူလိမ်ကို Google တရားစွဲ

Next
Next

Spam Comment တွေကို ထိန်းဖို့ Comment Moderation ကိုပိုတင်းကြပ်ထားတဲ့ YouTube