ယူကရိန်း မီဒီယာတွေကို အဓိကထားတိုက်ခိုက်နေတဲ့ ရုရှား Website Domain တွေကို Microsoft ဖယ်ရှား

Microsoft အနေနဲ့ ရုရှားဟက်ကာဂရုတွေဖြစ်တဲ့ Fancy Bear APT28 စတဲ့ နာမည်ကြီးဆိုင်ဘာတိုက်ခိုက်ရေးအဖွဲ့တွေသုံးတဲ့ ဒိုမိန်း ၇ ခုကို ပိတ်ချလိုက်တယ်လို့ဆိုပါတယ်။ ဒီအဖွဲ့တွေဟာ ရုရှားထောက်လှမ်းရေးနဲ့တိုက်ရိုက်သက်ဆိုင်နေတဲ့ အဖွဲ့တွေဆိုရင်လည်း မမှားပါဘူး။ US နဲ့ EU ဖက်ကို အဓိကသတင်းတင်ဆက်နေတဲ့ ယူကရိန်း မီဒီယာတွေကို ရုရှားစပိုင်တွေအနေနဲ့ အဓိကပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် ပိတ်ချပစ်ခဲ့တာလို့ Microsoft က ဘလော့ပိုစ့်တစ်ခုမှာ ကြေငြာထားပါတယ်။

Microsoft အနေနဲ့ခုလိုလုပ်ဆောင်ဖို့ April 6 ရက်နေ့က တရားရုံးက အမိန့်ကိုလက်ခံရရှိခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီနောက် အဆိုပါရုရှား ဝက်ဆိုက်ဒ်တွေကို လာတဲ့ Connection မှန်သမျှကို တားဆီးပိတ်ဆို့လိုက်ပြီး ဒိုမိန်းတွေကို ဖျက်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။ Microsoft ကြေငြာတာကတော့ Fancy Bear ထိန်းချုပ်ထားတဲ့ ဒိုမိန်းပေါင်း 100 ကျော်ကို ပိတ်ချထားပြီးဖြစ်တယ်လို့ ယူဆရပါတယ်။

Microsoft Corporate Vice President ဖြစ်တဲ့ Tom Burt ကတော့ Strontium အနေနဲ့ အဆိုပါ ဒိုမိန်းတွေကို ရေရှည်ထိန်းချုပ်ပြီး အချက်အလက်တွေခိုးယူဖို့ စီိိစဥ်နေတာဖြစ်နိုင်ကြောင်း ယူဆရတယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။ "ကျွန်တော်တို့အနေနဲ့ ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေနဲ့ ကျွန်တော်တို့ပြုလုပ်ထားတာတွေကို ယူကရိန်းအစိုးရကိုလည်း သတိပေးထားပါတယ်" လို့ သူကပြောထားပါသေးတယ်။
အထက်ပါ ရုရှားဟက်ကာများဟာ ယူကရိန်းနဲ့ အမေရိကန်မှာရှိတဲ့ နိုင်ငံရေးမဲခွဲပွဲတွေနဲ့ နိုင်ငံရေးဆိုင်ရာ ဆိုက်ဘာတိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့ဖူးပါသေးတယ်။

ရုရှား-ယူကရိန်းစစ်ပွဲမှာ Fancy Bear ဟာ အစောဆုံး ပါဝင်ခဲ့တဲ့ ဟက်ကာအဖွဲ့ဖြစ်ပြီး Google က Fancy Bear နဲ့ ဘိလားရုစ်ဟက်ကာအဖွဲ့ Ghostwirter တို့ဟာ ယူကရိန်း ရုံးပိုင်းဆိုင်ရာ လူတွေကို Phishing နည်းပညာနဲ့ အဓိကထားတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီလတုန်းက ရုရှားအစိုးရမွေးထားတဲ့ ဟက်ကာတွေအနေနဲ့ EU ဂြိိုလ်တုတစ်ခုကို ခိုးဝင်မှု၊ အမေရိကန် လက်နက်ပိုင်းဆိုင်ရာဖက်တွေကို ခိုးဝင်မှုတွေဖြစ်ခဲ့သေးတယ်လို့ ဆိုပါတယ်။ Fancy Bear က တိုက်ခိုက်မှု ၂ ခုလုံးမှာ ခေါင်းဆောင်ပါဝင်လားဆိုတာတော့ သေချာမသိရခဲ့ပါဘူး

Ref : the verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Spam Comment တွေကို ထိန်းဖို့ Comment Moderation ကိုပိုတင်းကြပ်ထားတဲ့ YouTube

Next
Next

Elon Musk ကို ဘုတ်ဒါရိုက်တာအဖွဲ့ဝင်အဖြစ် Twitterကမ်းလှမ်းထား