SpaceX နဲ့ T-Mobile ပူးပေါင်းပြီး 5G နည်းပညာ နှင့် Starlink ပူးပေါင်းလာနိုင်

SpaceX နှင့် T-Mobile တို့ပူးပေါင်းပြီး နည်းပညာပွဲတစ်ခု လာမယ့် သောကြာနေ့မှာကျင်းပသွားမှာဖြစ်ပြီး ထိုပွဲမှာ SpaceX အကြီးအကဒ Elon Musk နဲ့ T-Mobile အကြီးအကဲ Mike Sievert တို့တက်ရောက်မှာဖြစ်ပါတယ်။ ဒီပွဲကို Texas မှာရှိတဲ့ Starbase တွေလွှင့်တင်လေ့ရှိတဲ့ Launch Site မှာ ကျင်းပသွားမှာပါ။ လောလောဆယ်တော့ ပွဲလုပ်မယ့်အကြောင်းကိုပဲ ကြေငြာထားပြး ဒီကုမ္ပဏီ ၂ ခုဟာ ဒီထက်ပို့တဲ့အကြောင်းအရာတွေကို ထုတ်ပြသွားမယ်လို့ ထင်ရပါတယ်။

ဒါပေမယ့် Elon အနေနဲ့ Twitter မှာ "Something Special" ဖြစ်လာမယ်လို့ Tweet ထားတာကို ကြည့်ချင်းအားဖြင့် အရေးကြီးတဲ့ ပွဲတစ်ခုဆိုတာကိုတော့ သိနိုင်ပါတယ်။ ဒါပေမယ့် သေချာတာတစ်ခုကတော့ ကျေးလက်ဒေသတွေမှာ သိပ်ပြီးလိုင်းမကောင်းသေးတဲ့ StarLink နဲ့ T-Mobile ရဲ့ ဒေသတော်တော်များများမှာ Coverage မပေးနိုင်သေးတဲ့ကိစ္စကို အတူပူးပေါင်းဖြေရှင်းဖို့ဖြစ်နိုင်ပါတယ်။ ဒီပွဲကနေ T-Mobile အသုံးပြုသူတွေကို SpaceX နဲ့ပတ်သတ်တဲ့ Subscription တွေပေးလာမလားဆိုတာစောင့်ကြည့်ရပါမယ်။

SpaceX အနေနဲ့ StarLink ကိုအတော်လေး အားထားရခြင်းအကြောင်းကတော့ သူတို့ရဲ့ Reuseable ဒုံးပျံတွေ ကမ္ဘာပေါ်ကိုပြန်လည်ဆင်းသက်တဲ့အခါ ဆက်သွယ်ထိန်းချုပ်ရေးအတွက် StarLink ကိုအသုံးပြုရတဲ့အတွက်ဖြစ်ပါတယ်။ ဒါ့အပြင်ပိုမိုကောင်းမွန်တဲ့ ဆက်သွယ်ရေးတွေနဲ့ Neualink, Tesla ကားတွေအတွက်လည်း Elon အနေနဲ့ ဆက်သွယ်ရေးကွန်ယက်ကို တိုးချဲ့ဖို့လိုအပ်နေတဲ့အတွက် ခုလို ပူးပေါင်းတာလည်းဖြစ်ပါတယ်။ NeuraLinkကိုလည်း နောက်လတွေထဲမှာ Feature အသစ်တွေနဲ့ မိတ်ဆက်သွားဖို့ ရှိပါတယ်။

Ref : The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Hacker တွေဖောက်ထွင်းနိုင်တဲ့ အန္တရာယ်ရှိလာနိုင်တယ်လို့ Apple ဆို

Next
Next

Facebook Error ကြောင့် Celebrity Posts တွေကို NewsFeed မှာဆက်တိုက်ဖော်ပြ