Hacker တွေဖောက်ထွင်းနိုင်တဲ့ အန္တရာယ်ရှိလာနိုင်တယ်လို့ Apple ဆို

Apple အနေနဲ့ လောလောဆယ်မှာ iPhone, iPad, Mac တွေမှာရှိတဲ့ Security Flaws တွေကို Hacker တွေဖောက််ထွင်းလာနိုင်တဲ့ ရန်ကနေကာကွယ်နိုင်အောင် Security Update တွေထုတ်ပေးနေပါတယ်။ လောလောဆယ်ထွက်ရှိထားတဲ့ Update မှာ အရေးကြီးတဲ့ Security Update တွေပါဝင်ပြီး iDevice အသုံးပြုသူအားလုံးကို Update လုပ်ဖို့တိုက်တွန်းထားပါတယ်။ ဒီ Security ပြဿနာတွေမှာ Hacker တွေအနေနဲ့ ဖုန်းတစ်ခုလုံးကို ထိန်းချုပ်နိုင်တဲ့အထိ ကြီးမားတယ်လို့ဆိုပါတယ်။

ဒီ Security Update ကို iPhone 6s နဲ့နောက်ထွက် မော်ဒယ်များ၊ iPad Pro, iPad Air 2 နောက်မော်ဒယ်များနဲ့ iPad 5th Gen နောက်ပိုင်းထွက် Device တွေ ရရှိမယ်လို့ဆိုပါတယ်။ ထပ်တိုးအနေနဲ့ကတော့ iPad Mini 4 နဲ့ နောက်ပိုင်းနဲ့ iPad Touch (7th gen) တွေလည်း ရရှိဦးမှာပါ။ ဒါ့အပြင် MacBook မှာ MacOS Monterey အသုံးပြုသူတွေလည်း Update လုပ်ဖို့ တိုက်တွန်းထားပါတယ်။

Apple ကတော့ Hackers တွေအနေနဲ့ Safari browser ထဲမှာအသုံးပြုထားတဲ့ Webkit ကိုအခြေခံပြီး ယိုပေါက်တွေကတစ်ဆင့် တိုက်ခိုက်တာဖြစ်တယ်လို့ဆိုပါတယ်။ ဒီတိုက်ခိုက်မှုကို Safari မှာ "maliciously-crafted web content" ကို Access ပေးထားတဲ့ အသုံးပြုသူတွေပိုပြီး ကြုံတွေရနိုင်တယ်လို့ဆိုပါတယ်။ လူ့အမှားကြောင့်လား၊ စက်တွေကဖြစ်တာလားဆိုတဲ့ ပိုမိုသေချာတဲ့ ယိုပေါက်တွေကိုသိဖို့ ဆက်လက်စုံစမ်းမှုတွေ ပြုလုပ်နေပါတယ်။

Software Update တွေကို စိတ်ချလုံခြုံဖို့အတွက် နေ့စဥ်ထုတ်ပေးနေပြီး အချိန်နဲ့တစ်ပြေးညီ စုံစမ်းမှုတွေလုပ်နေတယ်လို့ Apple ထုတ်ပြန်ထားပြီး အသုံးပြုသူတွေကလည်း Update တွေကို အမြဲဂရုတစ်စိုက်တင်နေဖို့ တိုက်တွန်းထားပါတယ်။ အကောင်းဆုံးကတော့ Auto-Update ကိုဖွင့်ထားဖို့ပါ။ ဒီနှစ်ထဲမှာ Important Security Update ကို မတ်လတုန်းကလည်း တစ်ခါထုတ်ပေးထားပြီး လုံခြုံရေးပေါက်ကြားတဲ့အကြောင်းကို ဆက်လက်စုံစမ်းသွားမယ်လို့ ဆိုပါတယ်။

Ref : BBC

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

တစ်ခြား ကုမ္ပဏီတွေထက် User Data ကို ပိုအလေးပေး ကာကွယ်တဲ့ Apple

Next
Next

SpaceX နဲ့ T-Mobile ပူးပေါင်းပြီး 5G နည်းပညာ နှင့် Starlink ပူးပေါင်းလာနိုင်