Facebook Error ကြောင့် Celebrity Posts တွေကို NewsFeed မှာဆက်တိုက်ဖော်ပြ

Facebook အနေနဲ့ Algorithm တစ်ခုခုဖြစ်ပြီးနောက် အသုံးပြုသူတွေရဲ့ Newsfeed မှာ Celebrity တွေရဲ့ Page မှာ Visitors Post တွေကိုပဲဆက်တိုက်ပြနေခဲ့တဲ့ Error တက်ခဲ့ပါတယ်။ Lady Gaga, Nivana, The Beatles စတဲ့ အနုပညာရှင်တွေရဲ့ Page ကို လာရေးတဲ့ Visitor Post တွေကို ဆက်တိုက်ပြနေခဲ့တာဖြစ်ပါတယ်။ ခု Error ဟာ အနည်းဆုံး ၃ နာရီလောက်ကြာအောင်ဖြစ်နေခဲ့တာဖြစ်ပြီး အတော်လေး မျက်စိနောက်စရာဖြစ်ပါတယ်။

စချင်နောက်ချင်သူတွေအနေနဲ့ ဒါကိုအခွင့်ကောင်းယူပြီး Meme တွေကို Cele တွေရဲ့ Page တွေမှာသွားပို့ကြပြီး စနောက်ခဲ့ပါတယ်။ Turkey Sandwich ပုံတစ်ခုမှာ " မင်းဒီပုံကိုမြင်ရင် နောက် Cele တစ်ယောက်ရဲ့ Page ကိုဆက်ပို့ပြီး Sandwich ကိုလက်ဆင့်ကမ်းလိုက်ပါလို့" စာရေးပြီး Meme Chain လုပ်ခဲ့ပါတယ်။ တစ်ချို့လူတွေလည်း ဒီဟာကို အခွင့်ကောင်းယူပြီး Paypal Donation Link တွေကို ရှဲတာမျိုး Crypto Project တွေရှဲတာမျိုးတွေလုပ်ကြပါတယ်။

အသုံးပြုသူတွေအနေနဲ့ Down Detector မှာ Report လုပ်ခဲ့ကြပြီး ဒီ Error ကို အနောက်နိုင်ငံအတော်တော်များများမှာ ကြုံတွေ့ရပြီး Asia မှာတာ့ သိပ်မကြုံတွေခဲ့ရဖူးလို့ ဆိုပါတယ်။ ဒီ Error ကိုအနည်းဆုံး ၃ နာရီထက်မနည်း ကြုံတွေခဲ့ကြပြီး လူတွေကတော့ ထုံးစံအတိုင်း Meme တွေရှဲလ်ပြီး ရယ်ရယ်မောမောနဲ့ ပြီးသွားခဲ့ပါတယ်။

Ref : The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

SpaceX နဲ့ T-Mobile ပူးပေါင်းပြီး 5G နည်းပညာ နှင့် Starlink ပူးပေါင်းလာနိုင်

Next
Next

ဒီနှစ်အတွင်း Android 13 Update ရဖို့မသေချာတဲ့ Nothing Phone 1