၁ ပေကျော်ထိ လိပ်လို့ရ၊ ခေါက်လို့ရတဲ့ OLED Display Samsung မိတ်ဆက်

လက်ရှိဈေးကွက်ထဲက ၆ လက်မဝန်းကျင်လိပ်လို့ရတဲ့ Display တွေကို အသာနေခဲ့တော့ ဒီမှာ ၁ပေကျော် ၁၂.၄ လက်မထိ ခေါက်ပြီးသိမ်းလို့ရ၊ ဆွဲထုတ်လို့ရတဲ့ OLED Panel ကိုထုတ်လိုက်ပြီလို့ Samsung ကကြေငြာလိုက်ပါတယ်။ ခေါက်ထားတဲ့အချိန်မှာလည်း အလိပ်လေးကသေးသေးလေးအဖြစ်ပဲ မြင်ရမှာဖြစ်ပါတယ်။

ဒီ Panel ဟာ နဂိုမူလ Size မှာ 49mm သာရှိပေမယ့် 254mm ထိဆွဲထုတ်လိုက်လို့ရမှာပါ။ ဒါဟာ မူလ Panel Size ထက် 5 ဆ ကြီးပါပြီး လက်ရှိဈေးကွက်ထဲက ဖုန်းတွေဟာ မူလ Size ထက် 3 ဆသာ ပိုကြီးအောင် ဆွဲထုတ်နိုင်တာဖြစ်ပါတယ်။ စာလိပ်တွေကို နမူနာယူထားပြီး သုံးထားတဲ့ အဝိုင်းပုံစံဝင်ရိုးတွေ သုံးထားတယ်လို့ ဆိုပါတယ်။ Samsung ကတော့ ဒီ Display Panel ကို Rollable Flex လို့နာမည်ပေးထားပါတယ်။

နောက်တစ်ခုထူးခြားချက်တစ်ခုက Samsung Rollable Flex က အတွင်းတင်မဟုတ်ပဲ အပြင်ကိုလည်း ခေါက်လို့ရတာဖြစ်ပါတယ်။ လက်ရှိ ဈေးကွက်ထဲက Rollabel ဖုန်းတွေအကုန်လုံးဟာ Direction တစ်ခုထဲကိုပဲ ခေါက်နိုင်တာဖြစ်ပါတယ်။

နောက်ဆုံးတစ်ခုကတော့ In Display Fingerprint Scanner ပဲဖြစ်ပါတယ်။ ခုဈေးကွက်ထဲကဖုန်းတွေဟာ Fingerprint Scanner ရှိတဲ့ Area ပေါ်ကို လက်ဗွေနှိပ်လို့ရပေမယ့် Samsung ရဲ့ ဒီ Display မှာတော့ Screen ကြိုက်တဲ့နေရာကိုနှိပ်လို့ရတဲ့ Fingerprint Scanner ဖြစ်သွားပါတယ်။ light-sensing organic photodiode(OPD) လို့ခေါ်တဲ့ အလင်းရောင်အာရုံခံ Sensor တွေကို Display တစ်ခုလုံးမှာထည့်ပေးထားလို့ ခုလိုလုပ်ဆောင်ချက်ကို ရနိုင်တာလို့ Samsung ပြောပါတယ်။ နောက်တစ်ခုက OPD Sensor တွေကိုသုံးပြီး blood pressure, heart rate နဲ့ stress ကိုလည်း တိုင်းနိုင်ပါသေးတယ်တဲ့...

ကဲ ဒါဆိုရင်တော့ Notch ကြီးမဖျောက်သေးဘူးလားဗျ xD

Ref : GSMArena

#Akhayartech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Sony PlayStation Showcase မှာဘာတွေမိတ်ဆက်သွားလဲ?

Next
Next

Electric Cadillac ကားထုတ်မယ့် GM