Software Update နဲ့ Fix ပေးမယ့် iPhone 14 Pro Display Error

လောလောဆယ်မှာ iPhone 14 Pro အသုံးပြုသူတစ်ချို့ဟာ ဖုန်းကို Unlock လုပ်တာ၊ Power ပြန်ဖွင့်တဲ့အခါမျိုးတွေမှာ အစိမ်းရောင်နဲ့ အဝါရောင် Horizontal အစင်းကြောင်းတွေ ပေါ်လာတတ်တဲ့ ပြဿနာကို ကြုံနေရတယ်လို့ ဆိုပါတယ်။​ အဆိုပါ Error ဖြစ်တဲ့သူတွေလည်း တစ်ဖြည်းဖြည်းနဲ့ များလာတယ်လို့ သိရပါတယ်။ ဒါပေမယ့် ခဏပဲပေါ်ပြီး ချက်ချင်းပြန်ပျောက်သွားတယ်လို့ ဆိုပါတယ်။

အဆိုပါ Error ဟာ User တွေကြောင့်မဟုတ်ပဲ Software Update နဲ့ပြင်ပေးသွားမယ်လို့ Apple ကထုတ်ပြန်ထားပါတယ်။ လာမယ့် ios 16.3 update နဲ့အတူ ပြန်ပြင်သွားမယ့်အပြင် Public Beta Program မှာ Patch တွေထုတ်ပြီးစမ်းသပ်နေပါတယ်။​ Apple အနေနဲ့ 13 Series တုန်းကလည်း တစ်ချို့ဖုန်းတွေမှာ Display Error ရှိခဲ့ပါတယ်။ တစ်ကယ်လို့ Apple ကိုယ်တိုင်သာ Display ထုတ်နိုင်ခဲ့ရင် ဘယ်လို အနေအထားရိမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ခေါက်ရာမထင်တော့မယ့် Samsung Galaxy Z Fold 5

Next
Next

Samsung Galaxy S23 ပုံတွေထွက်လာပြီ