ခေါက်ရာမထင်တော့မယ့် Samsung Galaxy Z Fold 5

အရင် Fold တွေတုန်းက ခေါက်ရာထင်လို့ အပြောခံရတဲ့ Samsung အနေနဲ့ Dumpbell hinge လို့ခေါ်တဲ့ Fold နည်းပညာကို ထုတ်ပြလိုက်ပြီဖြစ်ပါတယ်။ အဆိုပါဒီဇိုင်းမှာ Fold ဖုန်းခေါက်ထားတဲ့ အခြေအနေမှာ Display ဟာ ဘဲဥပုံစံကွေးနေမှာဖြစ်လို့ အရင်ုဒီဇိုင်းတွေထက်ပိုပြီး ကွေးနိုင်၊ ခေါက်နိုင်သလို အရာထင်တာလည်း လျော့နည်းသွားမယ်လို့ ဆိုပါတယ်။

Galaxy Z Fold 5 အနေနဲ့ ဒီ Hinge ကိုသုံးဖြစ်မယ်ဆိုရင် ကွေးထားတဲ့ အခြေအနေမှာ ဖုန်းဘောင် ၂ ခုကြား ပိုပြီး Space နည်းသွားမှာလည်းဖြစ်ပါတယ်။ Oppo Find N2၊ Motorola Razr လိုမျိုး ဖုန်းတွေအနေနဲ့ Droplet Design ကိုသုံးတာကြာပြီဖြစ်ပေမယ့် Samsung အတွက်တော့ ခုမှစသုံးမှာဖြစ်ပါတယ်။

Samsung အနေနဲ့ "Teardrop Hinge" ကို ၂၀၁၆ တုန်းကထုတ်ပြဖူးပေမယ့် IPX8 Water Resistance မပါလို့ Production ပိုင်းမှာ မထည့်ခဲ့တာလို့ Sammobile ကတော့ဆိုပါတယ်။ တစ်ကယ်လို့ ဒီ Hinge ကိုသာအသုံးပြုမယ်ဆိုရင် တော့ Galaxy Z Fold 5 အနေနဲ့ ပိုပြီး ပြားပြားကပ်ကပ် နဲ့ Compact ပိုဖြစ်တဲ့ ဖုန်းအဖြစ်ထွက်လာတော့မှာပါ။ Samsung ရဲ့ Fold ဖုန်းရောင်းအားလည်း ပိုတက်လာမယ် လို့မျှော်လင့်ရပါတယ်။

Ref : The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

AI သုံးပြီး Graphics ထုတ်ပေးတဲ့ Stability AI ကို Getty Images ကတရားစွဲသွားမည်

Next
Next

Software Update နဲ့ Fix ပေးမယ့် iPhone 14 Pro Display Error