Samsung Galaxy S23 ပုံတွေထွက်လာပြီ

လာမယ့် ဖေဖော်ဝါရီလမှာ ထွက်ဖို့စီစဥ်ထားတဲ့ Samsung Galaxy S23 ရဲ့ Official Look တွေထွက်လာပြီဖြစ်ပါတယ်။ အရိုးဆုံးက ဘယ်တော့မှမရိုးဘူးဆိုတာ မှန်တယ်လို့ပဲပြောရပါမယ်။ အရောင်အနေနဲ့ကလည်း Phantom Black, Botanic Green, Mystic Lilac နဲ့ Cotton Flower ဆိုပြီး ၄ ရောင်ရှိပါမယ်။

ပုံတွေထဲကအတိုင်းဆိုရင် Camera Bump လည်းပိုပါသွားပါတယ်။ ပုံကလည်း Minimalist ဖြစ်တယ်လို့ တစ်ကိုယ်တည်းအမြင်နဲ့ ပြောချင်ပါတယ်။ ဘေးဘောင်တွေကို Metal Frame နဲ့ပဲလာပြီး နောက်ကျောကိုတော့ Glass Cover နဲ့ထွက်လာမယ်လို့ သိရပါတယ်။

အရင် Generation ထပ်ပိုကောင်းတဲ့ Screen, ပိုလင်းတဲ့ Display နဲ့ Low Light Photo Performance ပိုကောင်းတဲ့ Camera Sensor ပါလာမယ်လို့ Hint ပေးထားလို့ Snapdragon 8 Gen 2 နဲ့လိုက်တဲ့ Spec တွေပါလာမယ်လို့မျှော်လင့်ရပါတယ်။ Twitter မှာတော့ iPhone 11 နဲ့ Design တူတယ်ဆိုပြီး Apple Fan တွေက ပွဲလည်းရှာနေကြပါတယ်။

Ref : The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Software Update နဲ့ Fix ပေးမယ့် iPhone 14 Pro Display Error

Next
Next

UnderDisplay FaceID Sensor နဲ့ထွက်လာနိုင်မယ့် iPhone 16 Pro