Snapdragon ကိုပဲ သုံးပြီးထွက်လာမယ့် Samsung Galaxy S23 Series

Samsung အသုံးပြုသူတွေကို မေးလိုက်ရင် အဖြေများကြမယ့် ကိစ္စတစ်ခုရှိပါတယ်။ Samsung ဖုန်းတွေကို Exynos နဲ့လိုချင်လား၊ Snapdragonနဲ့ လိုချင်လားလို့ မေးကြည့်တာဖြစ်ပါတယ်။ သေချာတာတစ်ခုက Snapdragon နဲ့လိုချင်ပါတယ်လို့ အများစုကဖြေကြပါလိမ့်မယ်။ ဒီနှစ်ထွက် Samsung Flagship တွေဆိုရင် EU အလုံးတွေပဲ Exynos 2200 နဲ့ထွက်လာပါတယ်။ ကျန်တဲ့အလုံးတွေ အကုန်လုံး SD 8 Gen 1အလုံးတွေပဲဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကို Qualcomm ဥက္ကဌကိုယ်တိုင် S22 တွေရဲ့ 75 % ဟာ SD သုံးထားတယ်လို့ အတည်ပြုထားပြီး နောက်ပိုင်းပိုများလာမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် Snapdragon CEO ကိုယ်တိုင်ပြောပြချက်တွေအရ နောက်နှစ်ထွက်လာမယ့် S23 မှာ Snapdragon ကိုပဲ အလုံးစုံအသုံးပြုပြီး Exynos နဲ့ထွက်လာဖို့ မရှိဘူးလို့ ဆိုနိုင်ပါတယ်။ " ကျွန်တော့်အနေနဲ့ S22 ထက်ပိုပြီး S23 မှာနေရာယူဖို့ရှိတယ်" လို့ပြောကြားချက်အရ 75% ထက်များပြီး ထုတ်လုပ်ဖို့ရာ 100% ပဲကျန်ပါတော့တယ်။ တစ်ကယ်လို့ Chip ကို ၂ ခုနဲ့ထုတ်ရင် Software Update ပေးတဲ့အခါ Version ၂ ခုပေးရတဲ့ ဒုက္ခကလည်း မသေးတာမို့ Snapdragon ကိုပဲ အဓိကသုံးသွားဖို့က သေချာသလောက်ပါပဲ။

Qualcomm ရဲ့ Samsung နဲ့ပူပေါင်းမှုက Galaxy Phone တွေတင်မဟုတ်ပဲ Galaxy Books, Windows Pc, Galaxy Tablets အပြင် တစ်ခြား Galaxy IOTs တွေမှာပါ ပါဝင်လာဖို့ရှိတယ်လို့ သိရပါတယ်။ Samsung နဲ့ Qualcomm တို့အနေနဲ့ သူတို့ ပူပေါင်းမှုတွေကို 2030 ထိသက်တမ်းတိုးမြှင့်ထားသလို့ 3G,4G, 5G နဲ့ 6G စက်ပစ္စည်းတွေ ထုတ်လုပ်ဖို့ သဘောတူညီထားပါသေးတယ်။

ဒါဟာ Exynos ရဲ့အဆုံးသတ်လားလို့ မေးစရာတော့ရှိပါတယ်။ ဒါပေမယ့် Samsung က အဆုံးသတ်ဆိုတာထက် တစ်ခြား Wearable Devices တွေကနေတစ်ဆင့် Exynos ကိုလူတွေကြားထဲ ထည့်ပေးနေဦးမှာပါ။ Mid-range နဲ့ Entry Level Enynos တွေကို အသုံးပြုပြီး Customer အသစ်တွေ ရှာဖွေလို့တော့ ရနေဦးမှာဖြစ်ပါတယ်။ ဒါ့အပြင် အတွင်းသတင်းတစ်ချို့အရ Samsung အနေနဲ့ Chipset အသစ်ထုတ်ဖို့ အဖွဲ့တစ်ခုကိုလည်း ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ သိရပါတယ်။ Exynos ကို Modified လုပ်ပြီး ပိုကောင်းတဲ့ Chip အသစ်ထွက်လာဖို့ ကြိုးစားမလားဆိုတာ စောင့်ကြည့်ရပါမယ်။

လောလောဆယ်မှာတော့ Samsung ရဲ့ Inovation နဲ့ Flagship တွေဖြစ်တဲ့ Galaxy Z Flip နဲ့ Foldable တွေအကုန်လုံးဟာ Snapdragon တွေနဲ့ပဲ ထွက်ရှိထားပြီး နောက်ထွက်လာမယ့် Z Flip4 နဲ့ Z Fold 4 တို့ဟာလည်း Snapdragon 8+ Gen 1 ကိုသုံးထားမှာဖြစ်ပါတယ်။

Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

AI ကိုအသုံးပြုပြီး ပုံဆွဲခိုင်းကြမယ်

Next
Next

စာလေ့လာနေသူတွေသိထားသင့်တဲ့ Website ၁၀ ခု