စာလေ့လာနေသူတွေသိထားသင့်တဲ့ Website ၁၀ ခု

Online မှာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် Self-study လုပ်နေတဲ့ သူတွေအတွက် ကိုယ့်ရဲ့ လေ့လာမှုတွေကို အထောက်အကူပြုယ့် Website တွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒီ Website တွေကနေ ကိုယ့်အတွက် အထောက်အကူဖြစ်မယ့် Resource တွေရနိုင်တာမို့ တစ်ကယ်အသုံးဝင်မယ့် Website တွေပဲဖြစ်ပါတယ်။

၁. TED Talks
ကိုယ့်ရဲ့ ရှေ့ရေးအတွက် လမ်းပျောက်နေတာမျိုး၊ စိတ်ဓာတ်တွေ ကျနေတာမျိုးနဲ့ အတွေးအမြင် အသစ်လိုလာရင် TED Talks သွားနားထောင်ပါ။ Motivation တွေက အများကြီး နားထောင်ရင် ပြဿနာရှိပေမယ့် သင့်တော်တဲ့အချိန််မှာ သင့်တော်သလို နားထောင်ရင် စိတ်ခွန်အား ရရှိနိုင်ပါတယ်။

၂. Copyleaks
တစ်ကယ်လို့ ကိုယ်က စာတမ်းပြုစုနေတဲ့သူ သို့ ကျောင်းတက်နေတဲ့ ကျောင်းသားတစ်ယောက်ဆိုရင် Plagiarism မမိဖို့ အရေးကြီးပါတယ်။ Plagiarism ဆိုတာ ကိုယ်ရေးထားတဲ့ စာတမ်းဟာ သူများဆီက ကူးချထားသလား၊ သူများ Idea နဲ့တူနေသလားဆိုတာကို စစ်ပေးတဲ့ စနစ်ပါ။ ကိုယ့်ရဲ့စာတမ်းက သူများနဲ့ ဆင်တူနေရင် တစ်ခြားနိုင်ငံမှာ စာမေးပွဲကျပြီး ကျောင်းထုတ်ခံရတဲ့ ကိစ္စတွေပါ ဖြစ်နိုင်လို့ အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။

၃. PaperWriter
ရေးလက်စ စာတမ်းနဲ့ Essay တွေဆက်ရေးဖို့ Idea ခမ်းနေပြီဆိုရင် ဒီ Website မှာ သွားပြီး အကြံတောင်းလို့ရပါတယ်။ Website မှာ ကျွမ်းကျင်သူတွေ၊ စာရေးကောင်းတဲ့သူတွေက ကိုယ့်အတွက် Guideline အပြင် ကူရေးပေးတဲ့ ဝန်ဆောင်မှုတွေပါရှိပါတယ်

၄.Studyfy
ကိုယ်ရေးထားတဲ့ Paper တွေ Revision လုပ်ဖို့လိုရင်ပဲဖြစ်ဖြစ်၊ စာအရေးအသား စစ်ချင်ရင်ပဲဖြစ်ဖြစ် အချိန်မလောက်လို့ ကိုယ်တိုင် မလုပ်နိုင်ရင် ဒီ Site မှာသွားပြီး စစ်ခိုင်းလို့ရပါတယ်။ ဒါ့အပြင် Essay နမူနာတွေ၊ Article၊ သူများတွေ ရေးထားတဲ့ စာတမ်းတွေကိုလည်း လေ့လာနိုင်ပါသေးတယ်။

၅. Wired
မဂ္ဂဇင်းတွေပဲ တင်ပေးနေတဲ့ Website လို့ထင်ရင်တော့မှားသွားပါမယ်။ ဒီကောင်မှာ ကိုယ့်ဝါသနာနဲ့ ထပ်တူညီမယ့် စာတွေ၊ မဂ္ဂဇင်းတွေ၊ Article တွေလည်းရှိတာမို့ အချိန်ကုန်ခံပြီး မွှေနှောက်လေ့လာသင့်တဲ့ Website တစ်ခုဖြစ်ပါတယ်။

Ref : Copyleak

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Snapdragon ကိုပဲ သုံးပြီးထွက်လာမယ့် Samsung Galaxy S23 Series

Next
Next

ကိုယ်ပိုင်ကား ထုတ်လုပ်ရေး အတွက် ဒိတ်ဒိတ်ကြဲ ပညာရှင်တွေကို အလုပ်ခန့်နေတဲ့ Apple