AI ကိုအသုံးပြုပြီး ပုံဆွဲခိုင်းကြမယ်

အနာဂတ်မှာ AI ကွန်ပျူတာ အသိဉာဏ်တုက လူသားတွေကို အုပ်ချုပ်သွားမယ်၊ လွှမ်းမိုးသွားမယ်၊ အစရှိတဲ့ ခေါင်းစဥ်ကို ငြင်းခုန်နေကြတာ နှစ်အနည်းငယ်ရှိစပြုလာသလို AI နဲ့ပတ်သတ်လို့ တိုးတက်မှုတွေကလည််း ဒီနှစ်ပိုင်းမှာ ကြောက်ခမန်းလိလိရှိလာပါတယ်။ Tesla ရဲ့Autopilot Car တွေ၊ ဂိမ်းဆော့တဲ့ AI တွေ၊ စားပွဲထိုး AI စက်ရုပ် အစရှိတဲ့ နယ်ပယ်ပေါင်းစုံတွေမှာ နေရာယူလာတဲ့ AI တွေကို ခုလည်း လူရဲ့စိတ်ခံစားမှုကို လိုက်ပြီး ထွက်လာတဲ့ အနုပညာ နယ်ပယ်မှာပါ မြင်လာရပါပြီ။ ဒီကိစ္စနဲ့ပတ်သတ်ပြီးလည်း Designer လောကမှာ AI အနေနဲ့ အစားထိုးနေရာယူမလားဆိုတာ ငြင်းခုန်ဖို့ အစပြုလာပြီဖြစ်ပါတယ်။

ဒီနေ့မှာတော့ AI ကိုအသုံးပြုပြီး ကိုယ့်ကြိုက်နှစ်သက်ရာ ပုံဆွဲခိုင်းနည်းကို ပြောပြပေးပါမယ်။ ပုံဆွဲပေးတဲ့ AI တွေအများကြီးရှိတဲ့အထဲက အသုံးများနေတဲ့ MidJourney ဆိုတဲ့ကောင်ကို သုံးပါမယ်။

Discord လိုအပ်ပါတယ်
ဖုန်း၊ PC၊ Tablet၊ iPad ပေါင်းစုံအတွက် ရှိပါတယ်။ မရှိရင် သက်ဆိုင်ရာ Store တွေမှာ Download ဆွဲပြီး Discord အကောင့်တစ်ခု အရင်ဖွင့်ပါ။

MidJourney Website ကိုသွားပါ
Browser တစ်ခုခုကနေတစ်ဆင့် https://MidJourney.com ကိုသွားပြီး Join the beta ဆိုတဲ့စာသားကို နှိပ်ပါ။ အလိုအလျောက် MidJourney ရဲ့ Discord Server ကို Join လိုက်ပါ။

ပုံစပြီး ဆွဲခိုင်းလို့ရပါပြီ
MidJourney Discord Server မှာ #newbies -1,2 ဆိုပြီး Room တွေအများကြီးရှိတဲ့ထဲက တစ်ခုခုကို Join ပြီး စတင် ပုံဆွဲခိုင်းလို့ရပါပြီ။ စာပို့တဲ့ Box မှာ Command ပေးမှာပို့ /imagine လို့ ရိုက်ပြီး Space တစ်ချက်ခုန်ပြီး ကိုယ်ဆွဲချင်တဲ့ ပုံအသေးစိတ်ကို စာရိုက်ပြီး ပြောပေးရပါမယ်။ ကျွန်တော်က ပုံထဲကလို ရိုက်ပြီး ဆွဲဖို့ Prompt ပေးလိုက်ပါပြီ။ Wait to Start ဆိုပြီး စောင့်ရပါမယ်။

ရပါပြီ
ကိုယ်ကြိုက်တဲ့ပုံကို အသေးစိတ်ဆက်ဆွဲမလား။ နောက်ထပ်အသစ်ဆွဲခိုင်းမလားဆိုတာကို ရွေးချယ်လို့ရတဲ့ အဆင့်ပါ။ U1-U4 ကတော့ လေးပုံထဲက ကိုယ်ကြိုက်တဲ့ပုံ အချောဆွဲခိုင်းဖို့ ရွေးရင်သုံးရပါတယ်။ V1-V4 ကတော့ ပုံလေးပုံထဲက ကိုယ်ကြိုက်တဲ့ Concept ပါတဲ့ပုံကို နောက်ထပ် Version ပြောင်းပြီး ဆွဲခိုင်းတာပါ။ ကျွန်တော်က V4 ကိုရွေးလိုက်ပါတယ်။

အချောသတ်ဖို့အတွက် U4 ကိုရွေးလိုက်ပါတယ်။ ခဏစောင့်လိုက်ပါ။ Upscaling လုပ်ပြီး ပုံကို အသေးစိတ်ပြန်ဆွဲနေပါပြီ။

ဘာအပြောင်းအလဲမှ မလုပ်တော့တာမို့ Upscaling ကို Max ခိုင်းလိုက်ပါတယ်။ ပြောင်းချင်တာရှိရင် Make Variations ကိုနှိပ်ပြီး ပြောင်းခိုင်းလို့ရပါတယ်။

ဒါကတော့ Final Result ပါ။ Stranger Things Theme Alien Invasion Baganဆိုတဲ့ခေါင်းစဥ်ပါ။ တစ်ခြား Modification တွေဖြစ်တဲ့ Photorealistic, Digital Art, 8K Render, Ray-Tracing စတဲ့ အထူးပြုချက်တွေလည်း ထည့်လို့ရပါသေးတယ်။ မိတ်ဆွေတို့လည်း စမ်းကြည့်သွားပြီး ပုံလေးတွေ မျှဝေခဲ့ပါဦး..

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Nuke နဲ့ပစ်မယ်ဆိုရင် ဖြစ်လာနိုင်တဲ့ Damage တွေတွက်နိုင်တဲ့ Simulation Website

Next
Next

Snapdragon ကိုပဲ သုံးပြီးထွက်လာမယ့် Samsung Galaxy S23 Series