Snapdragon 8 Gen 1 နဲ့ထွက်လာမယ့် Xiaomi ဖုန်းများ

Qualcomm ရဲ့ Snapdragon 8 Gen 1+ ထွက်လာတော့မယ်လို့ Rumor တွေထွက်လာတာနဲ့ အမျှ သူကို့သုံးထားမယ့် Android ဖုန်းတွေလည်း အပြိုင်အဆိုင် စာရင်းထွက်လာပါတယ်။ အမြန်ဆုံးဖြစ်လာမယ့် Chiptset ကိုသုံးထားမယ့် ဖုန်းတွေဆိုတော့ Flagship တွေပဲဖြစ်ပါလိမ့်မယ်။ ဒီဖုန်းတွေကို 2022 ရဲ့ နှစ်ဝက်မှာ ထုတ်ပေးမှာဖြစ်ပါတယ်။

ဒီထဲကမှ တစ်နှစ်ကို ဖုန်းပေါင်း သောင်းခြောက်ထောင်ထုတ်နေတဲ့ Xiaomi အနေနဲ့ Snapdragon 8 Gen 1 ကို သေချာပေါက် ဗြောင်းဆန်အောင်သုံးနေဦးမှာပါ။ ၂၀၂၂ မှာ Xiaomi အနေနဲ့ အနည်းဆုံး ဖုန်း ၆ မျိုးကို Snapdragon 8 ကိုသုံးပေးသွားမှာပါ။ သတင်းတွေအရ Xiaomi 12 Ultra၊ Xiaomi Mi Mix Fold 2၊ Xiaomi 12S၊ Xiaomi 12S Pro၊ Redmi K50S Pro နဲ့ the Xiaomi 12T Pro တို့ပဲဖြစ်ပါတယ်။

ဒီသတင်းကတော့ Xiaomiui အဖွဲ့ကနေထွက်လာတာဖြစ်ပါတယ်။ သူတို့အဖွဲ့အနေနဲ့ Snapdragon သုံးမယ့် ဖုန်းတော်တော်များများကို Development လုပ်ထားတာကို တွေ့တယ်လို့ဆိုပါတယ်။ အများစုက Snapdragon 8 Gen 1+ ကိုသုံးထားတယ်လို့ဆိုပါတယ်။

ပုံမှာပြထားတဲ့ Internal Source Code Reference တွေအရ စာရင်းမထွက်သေးတဲ့ Devices တော်တော်များများဟာ SM8475 ကိုသုံးထားတယ်လို့ ဆိုပါတယ်။ SM8475 ဆိုတာကတော့ Snapdragon 8 gen 1+ ရဲ့ code name ပါ။ ဒီ code တွေအရ လာမယ့် xiaomi ဖုန်း ၆ လုံးကတော့ Snapdragon 8 Gen 1+ ကိုသုံးလာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

Snapdragon 8 Gen 1+ ကို Snapdragon 8 Gen 1အရမ်း Hype နေရတဲ့အကြောင်းကတော့ Qualcomm အနေနဲ့ Samsuung 4nm ကိုဆက်မသုံးတော့ပဲ TSMC 4nm ကိုပြောင်းသုံးတော့မယ်ဆိုတဲ့ သတင်းကြောင့်ပါ။ TSMC ရဲ့ design က ပိုပြီး Performance ကောင်းသလို၊ Power Comsumption လည်းနည်းတာကြောင့် Qualcomm ဖုန်းကုမ္ပဏီကြီးတွေအနေနဲ့ Snapdragon 8 Gen 1+ ကိုအသည်းသန်ဖြစ်နေပုံပေါ်ပါတယ်။

Ref : Gizmochina

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

MicroLED ကုမ္ပဏီတစ်ခုကို ဝယ်ယူလိုက်တဲ့ Google

Next
Next

OPPO ရဲ့ F series ထဲမှာ Design အမိုက်ဆုံးဖြစ်လာမယ့် OPPO F21 Pro