MicroLED ကုမ္ပဏီတစ်ခုကို ဝယ်ယူလိုက်တဲ့ Google

Google အနေနဲ့ MicroLED ကုမ္ပဏီတစ်ခုကို ဝယ်ယူလိုက်ပါတယ်။ Google AR Headsets တွေကို ပိုကောင်းပြီး ပိုဈေးချိုအောင် များလုပ်ဖို့လားလို့ ထင်ရပါတယ်။ အချက်အလက်တွေအရ ယခုလက်ရှိဈေးထက် ၅ဆခန့်ပိုပြီး ဈေးချိုလာမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာတော့ AR တွေဟာ ခေတ်မစားသေးဘူလို့ မှတ်ယူရပါမယ်။ Google Hardware အကြီးအကဲဖြစ်တဲ့ Rick Osterloh ကတော့ Raxium လို့ခေါ်တဲ့ ၅ နှစ်သက်တမ်းရှိတဲ့ MicroLED ကုမ္ပဏီတစ်ခုကို ဝယ်ခဲဲ့ကြောင်း အတည်ပြုထားပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် Google အနေနဲ့ AR ပိုင်းမှာ အကြီးကြီးပြောင်းလဲဖို့ လာတော့မယ်လို့ ခန့်မှန်းနိုင်ပါတယ်။

၂၀၂၀ တုန်းကလည်း Google အနေနဲ့ North လို့ခေါ်တဲ့ မျက်မှန်ကုမ္ပဏီတစ်ခုကို ဝယ်ခဲ့ပါသေးတယ်။ ဒါ့အပြင် AR Operating System တစ်ခုကို တည်ဆောက်ဖို့ Engineer တွေကိုလည်း အလုပ်ခေါ်ခဲ့ပါသေးတယ်။​ Project Iris လို့ခေါ်တဲ့ Lab တစ်ခုလည်း ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့နှစ် Google I/O ပွဲတုန်းကလည်း High-Reso Video chat အကြောင်းကို ထုတ််ပြောထားတာရှိပါတယ်။

Raxium ရဲ့ MicroLED တွေဟာ ဈေးကွက်ထဲမှာရှိတဲ့ တစ်ခြား ပစ္စည်းတွေထက် ပိုမို ဈေးချိုပြီး Energy-efficient လည်းဖြစ်သလို Color လည်းပိုစိုတယ်လို့ဆိုပါတယ်။ ဒါ့အပြင် Monolithic Integration လို့ခေါ်တဲ့ Processor တွေကိုထုတ်လုပ်တဲ့ Silicon နဲ့ ထုတ်လုပ်နိုင်တာမို့ ဈေးလည်း အတော်လေးသက်သာမယ်လို့ ဆိုပါတယ်။ AR ကိုအပြိုင်ထုတ်နေတဲ့အထဲမှာ Oppo, Apple နဲ့ Vuzix တို့ရှိပါတယ်။

အပြိုင်အနေနဲ့ Microsoft အနေနဲ့သူတို့ရဲ့ ​AR စနစ်ကို HoloLens လို့ အမည်ပေးထားပြီး Apple, Meta, Snap တို့ဟာလည်း AR ပိုင်းမှာ အကြီးအကျယ် ပုံအောပြီး ရင်းနှီးမြှပ်နှံနေကြပါတယ်။ AR ဟာအနာဂတ်မှာ အကြီးအကျယ် ကျယ်ပြန့်လာမယ့် နည်းပညာဖြစ်လို့ ကုမ္ပဏီကြီးတွေဟာ အတော်လေး စိတ်ဝင်တစား ရင်းနှီးမြှပ်နှံနေကြတာဖြစ်ပါတယ်။

Ref : CNN

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

သုံးစွဲသူတွေတည်နေရာကို တိုက််ရိိုက်ပြတော့မယ့် Weibo

Next
Next

Snapdragon 8 Gen 1 နဲ့ထွက်လာမယ့် Xiaomi ဖုန်းများ