OPPO ရဲ့ F series ထဲမှာ Design အမိုက်ဆုံးဖြစ်လာမယ့် OPPO F21 Pro

ပုံရိပ်ကောင်းကောင်းတစ်ပုံရဖို့အတွက် hardware ဖြစ်တဲ့ camera lens ရော software ဖြစ်တဲ့ image processing လုပ်ပေးတဲ့ AI ရောကောင်းမွန်နေမှဖြစ်မှာပါ။

OPPO ရဲ့  F series ဆိုတာ Smartphone user တွေကြားမှာ အကျွမ်းတဝင်ရှိနေပြီးသား Series တစ်ခုပါ။ အရောင်လှလှ ဒီဇိုင်းဆန်းဆန်းနဲ့ အကြမ်းစား Selfie camera တွေဟာ OPPO F series ရဲ့ လူကြိုက်များကြတဲ့အချက်တွေပါပဲ။ Internet ပေါ်မှာပြန့်နှံနေတဲ့ Leak နဲ့ Rumor သတင်းတွေအရတော့ အသစ်ထွက်လာတော့မယ့် F21 Pro ကို F series မှာမြင်တွေ့နေကြမဟုတ်တဲ့ ကြီးမားတဲ့ Design ပိုင်း အဆင့်မြှင့်တင်မှုတွေနဲ့ Camera feature အသစ်တွေ နဲ့တွေ့ရတော့မှာပါ။ အကြီးမားဆုံး upgrade ကတော့ 32MP Sony IMX709 RGBW sensor လိုမျိုး flagship level sensor ကိုထည့်ပေးလာတော့မယ်ဆိုတာပါပဲ။

Selfie camera ဟာ OPPO smartphone တွေရဲ့အသက်လို့တောင်ပြောလို့ရတဲ့အတွက် OPPO ဟာ F series မှာ MP မြင့်မြင့်နဲ့ AI beautification system ကောင်းတဲ့ Selfie camera တွေကို Stable feature တစ်ခုအနေနဲ့ OPPO F1 ကနေစပြီးထည့်ပေးလာခဲ့တာပါ။ ကောင်းမွန်တဲ့ Hardware နဲ့ OPPO ရဲ့ AI တို့ရဲ့ပေါင်းစပ်မှုကြောင့် OPPO ရဲ့ Selfie camera တွေကရိုက်ကူးပေးတဲ့ပုံတွေဟာ သဘာဝကျကျနဲ့ လှပနေစေတာပဲဖြစ်ပါတယ်။ အခု F21 Pro မှာ Flagship level ultra-sensing selfie camera ကိုတပ်ဆင်ပေးလိုက်ပြီး F series ရဲ့ Selfie ကို Next level ရောက်အောင်ဆွဲခေါ်လိုက်ပါပြီ။ Selfie မှာတော့ reno 7 Pro 5G လို Premium smartphone တွေမှာပဲပါတဲ့ Sony ရဲ့ 32MP IMX709 RGBW sensor ကိုပထမဆုံးအနေနဲ့ F series အတွက် ထည့်ပေးထားလာမှာလို့သိရတဲ့အတွက် Selfie ဝါသနာရှင်တွေအကြိုက်ဖြစ်လာမှာပါ။ RGBW sensor ဖြစ်သွားတဲ့အတွက်အလင်းကိုအာရုံပိုခံသွားနိုင်မှာဖြစ်လို့ညဖက် Selfie ရိုက်တဲ့အခါမှာပိုမိုက်သွားနိုင်ပါတယ်။ ဒီ Flagship level lens ကို OPPO က Customize ပြန်လုပ်ထားတာဖြစ်လို့ Overexposed မဖြစ်ပဲ HDR ကောင်းတဲ့ Bokeh လှလှနဲ့ Portrait-selfie တွေရိုက်ကူးနိုင်မှာပါ။ reno 7 series မှာပါတဲ့ Ring light လိုမျိုး Breathing light လို့ခေါ်တဲ့ orbit light လေးက lens ဘေးမှာတပ်ပေးထားမှာပါ။ ဒီ lens လေးကို Notification လာတဲ့အချိန်၊ Microscopic lens ကိုသုံးနေတဲ့အချိန်၊ game ဆော့နေတဲ့အချိန် နဲ့အားသွင်းတဲ့အချိန်တွေမှာလင်းပေးမှာ ဖြစ်ပါတယ်။

နောက်ထပ် ပါဝင်လာမယ့် စိတ်ဝင်စားဖို့ကောင်းတဲ့ Feature တစ်ခုကတော့ ဘယ် Smartphone မှာမှမပါဖူးသေးတဲ့ Microscope camera ပါပဲ။ လက်ရှိ 2MP၊ 5MP macro lens တွေထက်အဆပေါင်းများစွာပိုပြီးအသေးစိတ် အနုစိတ်မြင်နိုင်မယ့် microscope lens ကို Oppo F21 Pro မှာမြင်ရတော့မှာပါ။ microscopic level ကို 15x နဲ့ 30x ထိချဲ့ပြီး အရာဝထ္တုသေးသေးလေးတွေကိုရိုက်လို့ရမှာပါ။ micro-photography ကို crazy ဖြစ်တဲ့သူတွေအတွက်တော့ကွက်တိပါပဲ။  ဒီ lens နဲ့အတူ Sensor size ကြီးမားတဲ့ f/1.7 64MP main camera နဲ့ 2MP depth sensor တို့လဲပါဝင်ဦးမှာပါ။

ထွက်ပေါ်လာတဲ့ ပုံရိပ်တွေနဲ့အချက်အလက်တွေအရ OPPO F21 Pro မှာ Orange color နဲ့ Fiberglass-leather ကိုကျောဖက်မှာတပ်ဆင်လာမှာပါ။ Lychee သီးတစ်လုံးရဲ့အခွံလို Texture ရှိတဲ့ Leather back cover ကိုအသုံးပြုထားပြီးတော့ ဒီ Leather ဟာ အပွန်းအစင်းနဲ့ ရေစိုတဲ့ဒဏ်တို့ကိုလဲ ခံနိုင်ရည်ရှိတယ်လို့သိရပါတယ်။ ဒ့ါကြောင့် Luxury ဆန်တဲ့ hand feeling ကိုပေးစွမ်းမယ့်အပြင် အကြမ်းလဲခံမယ့် လှပတဲ့ လိမ္မော်ရောင် Leather ကျောဖက်နဲ့ OPPO F21 Pro ကိုတွေ့မြင်ရမှာပါ။ ဒီကျောဖက်ကို OPPO ရဲ့  Premium midrange ဖြစ်တဲ့ reno 7 5G မှာ စတင်အသုံးပြုခဲ့ပြီး အခုအခါမှာတော့ F series ကိုယူဆောင်ပေးလာမှာပဲဖြစ်ပါတယ်။ လက်ဗွေရာနဲ့ ခြစ်ရာစင်းရာဒဏ်တို့ကိုခံနိုင်ရည်ရှိတဲ့အပြင် ဂျင်းအထည် တွေလိုကြမ်းတမ်းတဲ့အသားတွေနဲ့ ပွတ်တိုက်တဲ့ဒဏ်ကိုလဲအကြိမ်ရေများစွာခံနိုင်မယ်လို့ OPPO ကဆိုပါတယ်။ ဒါ့ကြောင့်

မကြာသေးခင်ကလဲ ဒီ back cover ကိုအကြမ်းဒဏ်ဘယ်လောက်ခံနိုင်လဲဆိုတာကို နည်းမျိုးစုံနဲ့ အကြိမ်ရေများစွာစမ်းသပ်ထားတဲ့ video ကို OPPO ကထုတ်ပြခဲ့ပါသေးတာဖြစ်တဲ့အတွက် ဒီ Fiberglass-leather ရဲ့အကြမ်းခံနိုင်စွမ်းကို OPPO ကတော့အပြည့်အဝယုံကြည်မှုရှိတဲ့ပုံပါပဲ။

6.4-inch ရှိတဲ့ Full HD+ AMOLED display ကိုအသုံးပြုထားပြီး 90Hz refresh rate နဲ့ 180Hz touch sampling rate ထိရှိလာမယ်လို့သိရပြီး punch hole နဲ့ပါ။ Gorrila Glass 5 နဲ့လဲဖုံးအုပ်ပေးထားမယ်လို့သိရပါတယ်။​

Snapdragon 680 ကို RAM 8GB ROM 128GB နဲ့ တွဲဖက်ပေးထားပြီးတော့ RAM ကို 13GB ထိ expand လုပ်နိုင်ဦးမှာပါ။ 6nm process chipset ဖြစ်တာကြောင့် Power စားသက်သာမှာဖြစ်ပြီး 4500mAh battery နဲ့ 33W SUPER VOOC flash charging support ပါဝင်လာမှာပါ။ 

OPPO F21 Pro ကို OPPO ဟာကိုယ်တိုင်တီထွင်ဆန်းသစ်ထားတဲ့ Design နဲ့ F series အတွက်ရော ဒီစျေးနှုန်းဝန်းကျင်မှာပါမသုံးဖူးသေးတဲ့ Camera hardware အသစ် တွေနဲ့အတူပွဲထုတ်လာတော့မှာပါ။ ကြားသိရတဲ့သတင်းတွေအရလဲ မြန်မာနိုင်ငံရဲ့စျေးကွက်မှာမကြာသေးခင်မှာမိတ်ဆက်လာတော့မှာ ဖြစ်ပါတယ်။

 

Previous
Previous

Snapdragon 8 Gen 1 နဲ့ထွက်လာမယ့် Xiaomi ဖုန်းများ

Next
Next

Refurbished Apple Watch Series 7 တွေ ကိုယ်တိုင် တရားဝင်ပြန်ရောင်းတော့မယ် Apple