Snapdragon 8+ Gen 1 သုံးထားမယ့် Nothing Phone 2

MWC Barcelona ရဲ့ပွဲမှာတော့ Nothing Phone 2 ရဲ့အဓိကကျတဲ့ Spec တစ်ခုဖြစ်တဲ့ CPU ကို Snapdragon 8+ Gen 1 သုံးမယ်ဆိုတာကို မထင်မှတ်ပဲ Leak သလိုဖြစ်သွားပါတယ်။

Nothing CEO ဖြစ်တဲ့ Carl Pei တစ်ယောက် ပွဲတက်နေစဥ်အတွင်း Qualcomm executive တစ်ယောက်က LinkedIn မှာ Nothing Phone 2 မှာ SD ကိုသုံးမယ်ဆိုပြီး ကွန်ဂရက်ကျူးလေးရှင်းထလုပ်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ Snapdragon 8 Series ကိုပဲသုံးမယ်ဆိုပြီး Post ကို Edit လုပ်သွားပါတယ်။

Nothing Phone 1 ကို Snapdragon 778G+ 5G (6 nm) သုံးပြီး Midrange အဖြစ်ပွဲထုတ်ခဲ့ပေမယ့် သုံးမယ့် Chip ကိုအခြေခံပြီး ခန့်မှန်းရရင််တော့ Phone 2 ကို Premium (သို့) Flagship Killer အဖြစ််ထွက်လာမယ်လို့ ခန့်မှန်းရပါတယ်။ Carl Pei ကိုယ်တိုင်လည်း ဒီနှစ်ထဲမှာ Phone 2 ကို မိတ်ဆက်သွားမယ်လို့ အတည်ပြုထားပါတယ်။

Ref - GSMArena

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

မိနစ် ၂၀ အတွင်း NFT 2000 လောက်ရောင်းထွက်သွားတဲ့ Starbucks

Next
Next

လက်ပတ်ကြိုးတစ်ခုစီ ဖြုတ်တပ်လုပ်လို့ရတဲ့ ဒီဇိုင်းဖြစ်လာမယ့် Xiaomi Smart Band 8