လက်ပတ်ကြိုးတစ်ခုစီ ဖြုတ်တပ်လုပ်လို့ရတဲ့ ဒီဇိုင်းဖြစ်လာမယ့် Xiaomi Smart Band 8

Xiaomi ရဲ့ အသစ်ထွက်လာမယ့် Band 8 ဟာ NRRA Korea မှာ Certified ဖြစ်သွားပြီး ပုံတစ်ချို့လည်း Leak ဖြစ်လာပါတယ်။ စထွက်ထွက်ခြင်းတုန်းက Design ပိုင်းမှာ အားနည်းချက်တွေရှိတဲ့ Band 8 မှာ Generation အလိုက် ပြောင်းရင်း ပြင်ရင်းနဲ့ အခုဆို အတော်လေးကို မိုက်တဲ့ Feature တွေပါဝင်နေပါပြီ။ အားသွင်းရင် သီးသန့်ကြီး ကြိုးအဖြုတ်အတပ်လုပ်ရတာ၊ Screen Reso ပြောင်းမရတာ စတဲ့ ပြဿနာပေါင်းစုံကနေ Band 8 မှာ တော့ လက်ပတ်ကြိုးတွေကို ကြိုက််သလို ဖြုတ်လို့ တပ်လို့ရတဲ့ Feature ပါဝင်လာတော့မှာပါ။

Redmi Watch 3 နဲ့ the Smart Band 7 Pro မှာ ပြောင်းပြီးသားဖြစ်တဲ့ ဒီ ဒီဇိုင်းကိုခုလို Main Brand မှာစတင်ပြောင်းလဲလိုက်တာဟာ Pill shape Design ကိုပါ နောင်နှစ််တွေထဲ မကြာတော့တဲ့အချိန်တစ်ခုမှာ ပြောင်းပစ်တော့မလားဆိုတဲ့ အတွေးတွေ ဝင်လာစေပေမယ့် တစ်ဦးတည်းအမြင််ပြောရရင်တော့ ပြောင်းဦးမှာလို့တော့ မထင်ပါဘူး။

တစ်ခြားအသေးစိတ်တွေကိုတော့ မသိရသေးပေမယ့် ကမ္ဘာတစ်ဝှမ်း Certificate ကိစ္စတွေ လုပ်အပြီး မကြာခင် အချိန်အတွင််း တစ်ကမ္ဘာလုံးအနှံ့ မိတ်ဆက်သွားနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းရပါတယ်။ ကျွန်တော်ကတော့ လောလောဆယ်သုံးနေတဲ့ Band 6 ကိုလဲဖို့ စောင့်ကြည့်ရမယ်လို့ထင််တာပဲ။ မိတ်ဆွေတို့ရော ဘယ် Model သုံးနေလဲ။ Band 8 ကိုစိတ်ဝင်စားကြလား?

Ref : GSMArena

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Snapdragon 8+ Gen 1 သုံးထားမယ့် Nothing Phone 2

Next
Next

AI Serach ပါဝင်လာတဲ့ Brave Browser