မိနစ် ၂၀ အတွင်း NFT 2000 လောက်ရောင်းထွက်သွားတဲ့ Starbucks

Starbucks လို့ပြောလိုက်ရင် ခွက်တွေမှာ ကိုယ့်နာမည်ကိုရေးပေးပြီး ကော်ဖီရရင် နာမည်အော်ခေါ်ပေးတဲ့ အစိမ်းရောင် Siren Logo နဲ့ coffee ဆိုင်တွေကို စိတ်ထဲပြေးမြင်မယ်ထင်ပါတယ်။ ကမ္ဘာ့နာမည်ကြီး ကော်ဖီဆိုင်ဆိုတော့ ကော်ဖီပဲရောင်းတယ်လို့ထင်ရင်တော့ တစ်ခုထပ်ပြောချင်ပါတယ်။ Starbucks ကကော်ဖီမပါတဲ့ NFT ပါရောင်းနေပါပြီ။

Starbucks အနေနဲ့ Web3 အရွေ့မှာ Membership ရောင်းတဲ့အစီအစဥ်နဲ့စတင်ခဲ့ပြီး တစ်ခုကို ဒေါ်လာ ၁၀၀ တန်တဲ့ NFT တွေစရောင်းခဲ့ပါတယ်။ NFT ဈေးကွက်အနေနဲ့ Peak Time ကိုရောက်ပြီး ဈေးကွက်ကအရင်လို မဟုတ်တော့ပေမယ့် လူတွေအနေနဲ့ စိတ်ဝင်စားမှုရှိနေသေးသလို ကုမ္ပဏီကြီးတွေကလည်း ခုထိဈေးကွက်ကို ချဲ့ထွင်နေတုန်းပါပဲ။

Starbucks က ရောင်းခဲ့တဲ့ Web3 Membership တွေမှာ Token တွေ၊ Starbucks Coffee စိုက်ခင်းကို Premium Tour သွားရတာမျိုးတွေ၊ Merchandiseတွေ၊ Free Coffee တွေလည်းပါဝင်ပါတယ်။ ခုရောင်းတဲ့ NFT project နာမည်ကတော့ "Journey Stamps" လို့ခေါ်တဲ့ တံဆိပ်ခေါင််းတွေဖြစ်ပြီး ငွေကြေးနဲ့ ရောင်းတဲ့အခါမှာတော့ အလုံးအရင်းနဲ့ဝယ်ကြလို့ မိနစ် ၂၀ အတွင်း အခု ၂၀၀၀ ရောင်းထွက်သွားတာဖြစ်ပါတယ်။ တစ်ခုကို ဒေါ်လာ ၁၀၀ ဆိုတော့ မိနစ် ၂၀ အတွင်း အသားတင် ဒေါ်လာ ၂ သိန်းပါပဲ။

မိတ်ဆွေတို့ထဲမှာ ကော်ဖီမသောက်ပဲ Starbucks NFT ဝယ်မယ့်သူတွေရှိလားဗျ?

Ref : The Verge

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

နှစ်ကုန်ပိုင််းမှာထွက်လာနိုင်တဲ့ Samsung Galaxy SmartTag

Next
Next

Snapdragon 8+ Gen 1 သုံးထားမယ့် Nothing Phone 2