၂၁ရာစုရဲ့ နည်းပညာမြင့် စုံတွဲလက်စွပ်များ

ချစ်ရသူကို ရွှေလက်စွပ်တွေ၊ စိန်လက်စွပ်တွေနဲ့ လက်ထပ်ခွင့်တောင်းရတာ ရိုးအီနေပြီလား၊ နည်းပညာတွေ ခေတ်စားလာတဲ့ ခေတ်ကြီးမှာ Smart Rings တွေနဲ့လက်ထပ်ခွင့်တောင်းလို့ရပြီဆိုတာကို သတိရလိုက်ပါ။ ချက်သမ္မတနိုင်ငံက LGBT စုံတွဲဟာ Smart Ring တွေနဲ့ လက်ထပ်ခဲ့ကြပါတယ်။

Smartwatch တွေရဲ့ Function တွေအများစုပါဝင်တဲ့ Smart Rings တွေဟာ Display မလိုတဲ့ Heart Rate Monitor လုပ်တာ၊ Contactless Payment တွေလည်း လုပ်လို့ရပါသေးတယ်။ ဒါ့အပြင် အဆိုပါ Rings တွေရဲ့ ဈေးကွက်ဟာလည်း အတော်လေးကြီးလာနေပါတယ်။

Jiri နဲ့ Ondrej ဆိုတဲ့ Gay Couple ဟာ သူတို့ချင်းရဲ့ နှလုံးခုန်သံကို Smart Ring တွေကတစ်ဆင့် Phone App ကိုသုံးပြီး အချိန်နဲ့တစ်ပြေးညီသိနေနိုင်မှာဖြစ်ပြီး အရမ်းကို Romantic ဆန်လို့ Smart Ring တွေကိုရွေးချယ်ခဲ့တယ်လို့ သူတို့ကဆိုပါတယ်။ သူတို့ ၂ ယောက်လုံးဟာ လက်စွပ်တွေဝတ်ဆင်ထားပြီး App ထည့်ထားတဲ့ ဖုန်းတွေဟာ Internet Access ရနေသရွေ့ တစ်ယောက်ရဲ့ နှလုံးခုန်သံကို တစ်ယောက်သိနေနိုင်မှာပါ။ အဆိုပါ Smart Rings တွေကို HB Ring တွေလို့ခေါ်ပါတယ်။

AI တွေ၊ iOT တွေခေတ်စားလာတာနဲ့ အမျှ လူမှုရေးနယ်ပယ်ပေါင်းစုံမှာ နည်းပညာတွေအစားထိုးဝင်ရောက်လာပါတယ်။ ChatGPT ကိုသုံးထားတဲ့ Wedding Planner Chatbot တွေ၊ အင်တာနက်ပေါ်ကနေ မင်္ဂလာဆောင်ဖိတ်စာပို့တာမျိုးအပြင် နည်းပညာနဲ့ AI ကိုသုံးပြီး ပိုမို Romantic ဆန်တဲ့အတွေ့အကြုံတွေကို ဖန်တီးဖို့ကြိုးစားနေတယ်လို့ Wedding Planning နယ်ပယ်က လုပ်ငန်းရှင်တွေက သုံးသပ်ထားပါတယ်။

ကဲ ပရိသတ်တို့ထဲရော ချစ်သူလေးရဲ့ နှလုံးခုန်သံကို အမြဲမြင်နေချင်တဲ့ သူတွေရှိလားဗျ?

Ref : BBC Tech

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

သတင်းတွေဖတ်ပြပေးမယ့် AI App

Next
Next

EV တွေရဲ့ အနာဂတ်ဖြစ်တဲ့ Silicon Battery များ