သတင်းတွေဖတ်ပြပေးမယ့် AI App

ဒီ AI ကိုတော့ Instagram ရဲ့ Co-founder တွေက Develop လုပ်ထားပြီး သတင်းတွေကို ကိုယ်တိုင်အစအဆုံးဖတ်ရတာပျင်းတဲ့သူတွေကို ကိုယ့်အစား သတင်းတွေဖတ်ပြီး ရှင်းပြပေးမယ့် AI ပဲဖြစ်ပါတယ်။ အဲ့တော့ ကိုယ်တိုင်စာဖတ်ရတာပျင်းပေမယ့် စာဖတ်ပြတာနားထောင်ရကြိုက်သူတွေအတွက်တော့ ကွက်တိပါပဲ။

ဒါ့အပြင် သတင်းတွေဖတ်ပြခိုင်းတာတင်မဟုတ်ပဲ သတင်းတွေကို 10 နှစ်သားကလေး နားလည်မယ့် ပုံစံမျိုးနဲ့ရှင်းပြပါတို့၊ ဒီသတင်းကို အထက်တန်းကျောင်းသားနားလည်မယ့် Level နဲ့လိုက်အောင် ရှင်းပြပါဆိုရင်လည်း ဥပမာတွေပေးပြီး ရှင်းပြသေးလို့ တော်တော်လေး အဆင်ပြေပါတယ်။

ဒီ App ကို Android နဲ့ iOS ဖုန်းတွေတိုင်းမှာ အခမဲ့ အသုံးပြုလို့ရပါတယ်။ မိတ်ဆွေတို့ သတင်းဖတ်ရတာ ပျင်းရင် စမ်းကြည့်ကြပါ။ အရမ်းကြီး Reliable မဖြစ်သေးပေမယ့် စမ်းကြည့်လို့ ရပါတယ်။

Ref : The Verge

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

iPhone 15 ကနေ ဘာတွေမျှော်လင့်ထားလို့ရမလဲ?

Next
Next

၂၁ရာစုရဲ့ နည်းပညာမြင့် စုံတွဲလက်စွပ်များ