EV တွေရဲ့ အနာဂတ်ဖြစ်တဲ့ Silicon Battery များ

Lithium-ion Battery တွေရဲ့ Tech Peak ကိုရောက်နေခဲ့တာ နှစ်အတန်ကြာပြီလို့ပြောလို့်ရပါတယ်။ ဒါကြောင့်မို့ ပိုကောင်း၊ ပိုပါး၊ ပိုပြီး အားဝင်မြန်တဲ့ Battery Chemical အမျိုးအစားကို ရှာနေကြတာ သိပ်မဝေးတော့တဲ့အနာဂတ်မှာ Battery အမျိုးအစားအသစ်ထွက်လာတော့မယ်လို့ ခန့်မှန်းရပါတယ်။ ပညာရှင်တွေအနေနဲ့ အသစ်ထွက်လာမယ့် Battery တွေရဲ့ Anode မှာ Graphite တွေအစား Silicon တွေနဲ့အစားထိုးသွားဖို့ ကြိုးစားနေကြပါတယ်။ Graphite တွေထက် Silicon တွေဟာ Energy Density ပိုများသလို၊ အားသွင်းနှုန်းပိုမြန်ကြောင်းကို ရှာတွေ့ထားပါတယ်။ ဒါ့အပြင် အကြီးမားဆုံး အားသာချက်ဖြစ်တဲ့ သက်တမ်းပိုကြာကြာ အသုံးပြုနိုင်တဲ့ အားသာချက်ပဲဖြစ်ပါတယ်။

လောလောဆယ်အခြေအနေမှာ 80% ကို ၆မိနစ်လောက်နဲ့အမြန်သွင်းတဲ့အထိ စမ်းသပ်ထားနိုင်ပြီး နောက်ပိုင်းအရပ်သားအသုံးပြုမှုတင််မဟုတ်ပဲ စစ်ဖက်ရေးရာတွေမှာလည်း အသုံးပြုလာနိုင်တယ့် နည်းပညာဖြစ်တယ်လို့ ဆိုနေကြပါတယ်။ Tesla ကားရဲ့Batteryနည်းပညာနဲ့ပတ်သတ်လို့ အတူတွဲလုပ်ဖူးတဲ့ Sila Nanotech Company ဟာ Silicon Battery တွေကို Fitness Tracker တွေမှာအသုံးပြုခဲ့ပြီး ယခုအခါ Automotive တွေပေါ်မှာပါ အသုံးပြုနိုင်ဖို့ ကြိုးစားနေပါတယ်။

Mercedes, Porsche တွေအနေနဲ့လည်း သူတို့ရဲ့ EV Product တွေမှာ Silicon Battery တွေအသုံးပြုနိုင်ဖို့ ကြိုးစားနေသလို မကြာခင်မှာ Silicon Battery တွေကို Mass Production အဆင့်ဖြစ်အောင် လေ့လာချက်တွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။

Ref : CNBC

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

၂၁ရာစုရဲ့ နည်းပညာမြင့် စုံတွဲလက်စွပ်များ

Next
Next

ကုဒ်ကူရေးတော့မယ့် Google Bard