Silicon Valley Bank ပြိုကွဲသွားရခြင်း နောက်ဆက်တွဲ

Tech နယ်ပယ်ထဲက Start-up ကုမ္ပဏီအသေးစားတွေ၊ Innovation ကုမ္ပဏီတွေအဓိက အားထားရတဲ့ Silicon Valley Bank ဟာ၁၉၈၃ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တာဖြစ်သလို US မှာလည်း ၁၆ ခုမြောက်အကြီးဆုံးဘဏ်ကြီးတစ်ခုဖြစ်ပြီး Airbnb, Stripe, Coinbase, နဲ့ Zoom တို့လို ကုမ္ပဏီကြီးတွေဟာ အဆိုပါဘဏ်ရဲ့ ဖောက်သည်တွေပါ။ ဘဏ်ကြီး ဘယ်လောက်ကြီးကြီး၊ ဘယ်လောက်တည်ထောင်ခုနှစ်တွေကြာကြာ မတ််လ ၁၀ ရက်နေ့ ၂၀၂၃ မှာတော့ အဆိုပါဘဏ်ကြီးဟာ ပြိုလဲသွားရပါတယ်။

ကမ္ဘာ့စီးပွားပျက်ကပ်နဲ့ အခြေခံလူသုံးကုန််တွေမြင့်တက်လာရခြင်းကြောင့် ဘဏ်အတိုးနှုန်းတွေမြှင့်တော့မယ်လို့ ကြေငြာလိုက်ချိန််မှာတော့ ဘဏ်မှာငွေအပ်ထားသူအများစုဟာ ငွေတွေပြန်ထုတ်ရာကနေစပြီး SVBဘဏ်ပြိုလဲသွားရခြင်းဖြစ်ပါတယ်။

Tech လောကကုမ္ပဏီတွေ အဓိကအားထားရတဲ့ဘဏ်ပြိုလဲသွားတာကြောင့် Tech Start-ups တွေအနေနဲဲ့တော့ အတော်လေးတိုင်ပတ်တော့မယ်လို့ အကုန်လုံးကခန့်မှန်းနေကြပါတယ်။ ငွေကြေးမရှိတော့တာကြောင့် Innovation တွေလည်းနှောင့်နှေးသွားနိုင်သလို၊ နောက်ထပ်ဘဏ်တွေလည်း ပြိုလဲလာနိုင်တယ််လို့ US မှာတော့ ခန့်မှန်းနေကြပါတယ်။ တစ်ချို့ဥပဒေသမားတွေနဲ့ အကြံပေးတွေကတော့ ဒီအဖြစ်အပျက်ကို သင်ခန်းစာယူပြီး နောက်ထပ်ဘဏ်ပြိုလဲမှုတွေ မဖြစ်အောင် ကြိုးစားကြဖို့ တိုက်တွန်းထားပါတယ်။

AI လောကတစ်ခေတ်ဆန်းမှာ ခုလိုဖြစ်တာ AI Innovation နှောင့်နှေးသွားမလား စိုးရိမ်စရာရှိပေမယ့် ChatGPT ကတော့ ChatGPT 4 ကိုမကြာခင် မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။

Ref : Bing

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Google Productivity App တွေမှာ AI လုပ်ဆောင်ချက်တွေပါဝင်လာမည်

Next
Next

နှစ်ကုန်ပိုင််းမှာထွက်လာနိုင်တဲ့ Samsung Galaxy SmartTag