Google Productivity App တွေမှာ AI လုပ်ဆောင်ချက်တွေပါဝင်လာမည်

Google Productivity App တွေဖြစ်တဲ့ Docs, Gmail, Sheets, Slides တို့မှာ AI လုပ်ဆောင်ချက်တွေ ထည့်ပေးလိုက်ပြီဖြစ်တယ်လို့ Google ကကြေငြာထားပါတယ်။ လောလောဆယ်မှာတော့ Worldwide မဟုတ်ပဲ US ကတစ်ချို့ User တွေနဲ့ Tester တစ်ချို့ကိုပဲ Exclusiveအနေနဲ့ ထွက်ရှိသေးပေမယ့် ဒီနှစ်ကုန်ပိုင်းမှာတော့ တစ်ကမ္ဘာလုံးအနှံ့ရမယ်လို့ အာမခံထားပါတယ်။

လူတိုင်းလည်း ဒီလုပ်ဆောင်ချက်အသစ်တွေကို ကြိုက်ကြမယ်လို့ မျှော်လင့်ရပြီး ထွက်လာနိုင်မယ့် လုပ်ဆောင်ချက်တွေကလည်း Docs မှာဆိုရင် ကိုယ်ရေးနေတဲ့ အကြောင်းအရာကိုမူတည်ပြီး Brainstorm လုပ်ခိုင်းတာ၊​ ရေးလက်စတွေကို Auto Complete လုပ်တာမျိုးတွေပါဝင်လာမှာဖြစ်သလို Gmail မှာဆိုရင်လည်း Subject ပေါ်မူတည်ပြီး Email တစ်ခုလုံးကို အစအဆုံးရေးပေးသွားမှာဖြစ်ပါတယ်။ Slides မှာဆိုရင်လည်း ပုံတွေ၊ Shape တွေကိုအလိုအလျောက် Generate လုပ်ပေးမယ့် လုပ်ဆောင်ချက်ပါဝင်လာမှာပါ။

Video Block
Double-click here to add a video by URL or embed code. Learn more

Google ကိုယ်တိုင်အသားပေးဖော်ပြထားတဲ့ လုပ်ဆောင်ချက်အချို့ကတော့

. Gmail ကို Ai သုံးပြီးအများကြီးပိုမြန်မြန် ရေးနိုင်လာမယ်

. Docs မှာစာရေးတဲ့အခါ Ai ကကူရေးပေးလာမယ်

. Slides မှာ အလိုအလျောက် ပုံတွေ၊ စာတွေ၊ အချက်အလက်တွေ ဖြည့်ပေးမယ်

. Sheets မှာ Data Calculation တွေကို တိတိကျကျကူတွက်ပေးနိုင်လာမယ်။ Report တွေပိုကောင်းအောင် ထုတ်နိုင်လာမယ်

. Google Meet လည်း Notes ယူတာပိုကောင်းလာမယ်

. Gboard မှာလည်း Ai ပါဝင်လာမယ်လို့ ဆိုပါတယ်။

ChatGPT 4 နဲ့အပြိုင် ဈေးကွက်ဝင်မယ့် Google Bard ကိုရှိပြီးသား Service တွေနဲ့ပေါင်းပြီး အမှန်ကန်ပြိုင်ကြမယ့် 2024 မှာလည်း Ai service တွေအကြီးအကျယ် ဈေးကွက်ကြီးလာမှာ မြင်ယောင်ပါသေးတယ်။

Ref : GSMArena

#AkhayarTech





Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Samsung ရဲ့ Space Zoom အကြောင်း

Next
Next

Silicon Valley Bank ပြိုကွဲသွားရခြင်း နောက်ဆက်တွဲ