နှစ်ကုန်ပိုင််းမှာထွက်လာနိုင်တဲ့ Samsung Galaxy SmartTag

Smart ဖုန်းလောကမှာ စု၊တု၊ပြု ဆိုတာ ဆန်းတဲ့ကိစ္စတော့မဟုတ််ပါဘူး။ Brand တစ်ခုနဲ့တစ်ခု မသိမသာ၊ သိသိသာသာ ကူးနေကြတာ သဘာဝပါပဲ။ တစ်ချို့နည်းပညာတွေမှာ Innovate အရင်လုပ်တဲ့သူက မထုတ်ပဲဲ အရင်ထုတ်တဲ့သူရဲ့ လမ်းကြောင်းပေါ်ကို အသာလေးတက်လျောက်ရင် ရလာနိုင်တဲ့ အကျိုးအမြတ်ကလည်း အများကြီးပဲဖြစ်ပါတယ်။ (ဥပမာ Satellite sms ဆိုတာ တစ်ကယ်တော့ 1990 လောက်ကတည်းက ရှိလာတဲ့နည်းပညာဖြစ်ပြီး ကုမ္ပဏီကြီးတွေအနေနဲ့လည်း နည်းပညာနဲ့ Hardware အသီးသီးပိုင်ဆိုင်ကြပါတယ်။ ဒါပေမယ့် Smartphone မှာ ထုတ်ပြတာကတော့ Apple က Main Stream ပေါ်ကိုပွဲထွက်လာခဲ့တာပါ။ နောက်ပိုင်း Samsung၊ Huawei တို့ကလည်း ချက်ချင်းထုတ်ပြကြတာပါပဲ..)

ခုလည််း ၂၀၂၁ တုန်းက စတင်ရောင်းချခဲ့တဲ့ Samsung SmartTag ရဲ့စီးရီးအသစ်လာပါတော့မယ်။ ကြားနှစ်တွေမှာ ဆက်တိုက်အသစ်မထုတ်တာကလည်း SmartTag ဆိုတာ ခဏခဏ အသစ်ဝယ်လေ့ရှိတဲ့ Gadget လည်းမဟုတ်တာကြောင့်ဖြစ်နိုင်ပါတယ်။

ခုထွက်လာမယ့် SmartTag အသစ်ကို ဒီနှစ်ကုန်ပိုင်းမှာ ထွက်လာမယ့် Galaxy Fold ၂မျိုးနဲ့အတူ၊ Galaxy Buds3၊ Galaxy Watch6 တို့အတူမိတ်ဆက်လာမယ်လို့ သတင်းတွေထွက်နေပါတယ်။ ဘာလုပ်ဆောင်ချက််အသစ်တွေပါလာနိုင်လဲမေးရင်တော့ Range ပိုဝေးဝေးရအောင်လုပ်တာ၊ ပိုကျယ်လာတဲ့ လုံခြုံရေးသတိပေးသံနဲ့ Battery Life ပိုကြာအောင်လုပ်တာပဲ လုပ်လို့ရမယ့် Device မှာ အများကြီးတော့ မျှော်လင့်လို့မရတာ အမှန်ပါပဲ။ မြန်မာလိုနိုင််ငံမှာ SmartTag တွေဟာ ငွေဈေးအရ တန်ဖိုးများသလို အပိုသုံးလိုဖြစ်နေတာမို့ Gadget စိတ်ဝင်စားသူတွေကလွဲလို့ သာမန်လူတွေကတော့ ဦးစားပေးရွေးချယ်မယ်လို့ မထင်ပါဘူး။

SmartTag ဝယ်သုံးနေသူတွေရှိလားဗျ?

Ref : GSMArena

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Silicon Valley Bank ပြိုကွဲသွားရခြင်း နောက်ဆက်တွဲ

Next
Next

မိနစ် ၂၀ အတွင်း NFT 2000 လောက်ရောင်းထွက်သွားတဲ့ Starbucks